မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက စစ်ရှောင်အမျိုးသမီး ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်က ကမ္မ-ရေပြာလမ်းပိုင်းနဲ့ ငါးမိုင်အကွာအထိ ကင်းယူထားတဲ့ အကြမ်းဖက်စစ်​ကောင်စီတပ်ဟာ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်က သစ်ပုလွေကုန်းကျေးရွာအနီးထိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။
အခုလိုမျိုး စစ်ကြောင်းထိုးဝင်ရောက်နေချိန် ကြောက်လန့်တကြား ထွက်ပြေးတဲ့ အရပ်သားတွေကို အကြမ်းဖက်စစ်​သားတွေက ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် အင်းဘတ်ကျေးရွာနေစစ်ရှောင်အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ရပါတယ်။

” သေတဲ့အမျိုးသမီးက အသက် ၄၀ ကျော်လောက်ဖြစ်မယ်။ တောတိုက် မှာရှောင်နေချိန်စစ်ကြောင်းနဲ့တွေ့တော့ ကြောက်လို့ပြေးကြတယ်ပေါ့။ အဲ့လိုနဲ့အပစ်ခံရတာပါ။” လို့ အညာမြေအရပ်ဖက် လူမှု့အဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် လက်နက်ကြီးတွေလည်း ၁၀ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တဲ့အတွက် သံဘိုကျေးရွာစစ်ရှောင်တွေရဲ့ နွားတွေလည်း ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

လက်ရှိအချိန်အထိ အကြမ်းဖက်စစ်ကြောင်းဟာ ကမ္မ-ရေပြာလမ်းပိုင်းကို ခန့်မှန်းအင်အား ၇၅၀၊ ကားတန်း ၁၀၀ ကျော်နဲ့ နေရာယူထားတယ်လို့လည်း သိရပါတယ်။

” အခုထိစစ်ကြောင်းက ပခုက္ကူနယ် ဂျိုးပျံရယ် မန်ကျည်းသုံးပင်ရယ်ကြားမှာပဲ ရှိသေးတယ်။ အများကြီး မရွှေ့သေးဘူး။ မိုင်းတွေခွဲရှင်းနေတယ်လို့လည်း ပြောတယ်။ ရေပြာ နဲ့ ကမ္မကြားက တပ်မကို မဖြတ်ရဲလို့ကြာနေတာ။ အခုလည်း ဒီကောင်တွေ ကမ္မ-ရေပြာလမ်းပိုင်းဘေးဘက်ကိုကို ၅မိုင်လောက်ဖြန့်ယူထားတဲ့သဘောပါ။ ” လို့ အညာမြေအရပ်ဖက် လူမှု့အဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ပခုက္ကူခရိုင်အတွင်း ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစလို့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မြေပြင်၊ ဝေဟင် အင်အားတွေနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး ပေါက်အခြေစိုက် ကပစ ၂၄ ရှိရာအထိ သွားရောက်နိုင်တယ်လို့လည်း သိရပါတယ်။

ဒီအတွက် ပခုက္ကူ၊ ကမ္မ၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေကအရပ်သားသောင်းနဲ့ချီဟာ မိုးရေထဲ ဘေးလွတ်ရာတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

ပုံစာ – ဇွန်လ ၁၂ရက်က ပခုက္ကူနယ်အတွင်း စစ်ရှောင်နေသူတွေကို တွေ့ရစဥ်
ဓာတ်ပုံ – အညာမြေအရပ်ဖက်လူမှု့အဖွဲ့စည်း-မြိုင်
0 Shares:
You May Also Like
Read More

အနန်းကွင်း စစ်ကောင်စီတပ်စခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄၀ ကျော်သေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစစ်တပ်စခန်းကို စစ်ကူလာတဲ့ အင်အား ၁၅၀ ကျော်ပါ တပ်မ ၄၄ စစ်ကြောင်းကို​ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်သား အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF က ထုတ်ပြန်ထားပါတယ်။
Read More

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၁၄၃ ယောက် သေဆုံးခဲ့ဟု AAPP ထုတ်ပြန်…

မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ ခုနှစ် ၆ လကျော်အတွင်း အရပ်သားပြည်သူ ၁၄၃ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စာသင်ကျောင်းများကို ဗုံးကြဲ၊ လူငယ်များကို သေတွင်း ပို့နေသည့် စစ်ခေါင်းဆောင်က နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာတတ်များ လိုအပ်ဟု ပြောပြန်

နိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပညာတတ်တွေပေါများဖို့ လိုအပ်တယ်လို့ အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပြန်ပါပြီ။
Read More

မြင်းမူမှာ စစ်ကောင်စီစခန်းကို တော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့ ပေါင်းပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့ ဂွေးပင်တောရွာစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Myaung Drone Force အဖွဲ့က ​ထုတ်ပြန်ပါတယ်။
Read More

အာဂျင်တီးနား ဖမ်း၀ရမ်းကို အင်တာပိုလ်ကတဆင့် အကောင်အထည်ဖော်ပေးဖို့ Blood Money Campaign က တောင်းဆို

အာဏာသိမ်းစစ်ခေါင်းဆောင် နဲ့ လူပုဂ္ဂိုလ် ၂၅ ဦးကို  အင်တာပိုလ်မှတဆင့် ဖမ်းဆီးမိန့်များထုတ်ပြန်ပေးဖို့ အာဂျင်တီးနားအစိုးရကို Blood Money Campaign - BMC က တိုက်တွန်းလိုက်ပါတယ်။
Read More

စစ်အုပ်စုအာဏာသိမ်းပြီးချိန်ကစလို့ လူငယ်များ၏ မလုံခြုံမှု ၂ ဆကျော် မြင့်တက်လာ၊ စစ်မှုထမ်းစုဆောင်းခံရမှုများအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ရင်ဆိုင်လာရဟု UNDP ဆို…

အကြမ်းဖက်စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာ လူငယ် ၇ ယောက်မှာ ၁ ယောက်က လုံခြုံရေးအတွက် စိုးရိမ်နေရပြီး စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် အမျိုးသားလူငယ်တွေနဲ့ တိုင်းရင်းသားလူနည်းစုတွေကြား စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဖြစ်နေစေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုစစ်တမ်း UNDP က ပြောပါတယ်။