စစ်ကိုင်းတိုင်း စစ်ကိုင်းတပ်မ ၃၃ ကထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက် ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၂ ရက်က စစ်ကိုင်းတပ်မ ၃၃ ကနေထွက်လာတဲ့ ကြေးနီးယာဉ် ၁၉ စီး၊ သံပြားကာယာဉ် ၈ စီးနဲ့ မိုးကာအုပ် ၆ဘီးယာဉ် ၃ စီးကို မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။

အဲဒီစစ်ကောင်စီယာဉ်တန်း မုံရွာ-မန္တလေးလမ်းမကြီပေါ်ရှိ မအူစစ်တပ်ဂိတ်အနီးမှာ ပဒေသာ ပြောင်း ၅ ပြောင်းနဲ့ မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း သံပြားကာယာဉ် ၁ စီးနဲ့ ကြေးနီတင်ယာဉ် ၂ စီး ထိုးရပ်သွားပြီး စစ်ကောင်စီ တပ်သား ၂ ယောက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Brave Heart Army.BHA၊ Golden Target Force.GTFနဲ့ Chindwin Fighter Group.CGF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video -Brave Heart Army-BHA

0 Shares:
You May Also Like
Read More

မေမေနေကောင်းလား သီချင်းသီဆိုကာ ဧရာဝတီတိုင်းစစ်ဌာန ရဲဘော်များ ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့အထိမ်းအမှတ်ဂုဏ်ပြု (ရုပ်/သံ)

ဧရာဝတီတိုင်းစစ်ဌာနရဲဘော်တွေက ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အထိမ်းအမှတ် မေမေနေကောင်းလား သီချင်းကို သီဆိုဂုဏ်ပြုခဲ့ကြပါတယ်။
Read More

မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်က သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်မှုမှာ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မုံရွာ-ပုသိမ်လမ်းပိုင်းမှာ ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၃ စီး ထိခိုက်ပျက်စီး ပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ဧပြီ ၂ ရက် ညပိုင်းက ကြေးနီတင်ယာဉ် ၆ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၃ စီး ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေခဲ့တယ်လို့ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချပြီး Missile အလုံး ၂၀ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ Robbinhood အဖွဲ့ မဟာမိတ်တပ်တွေဟာ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီး ၆ လုံးကြဲချပြီး Missile အလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းတော်မြို့မဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲမှု ပြည်သူ ၂ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မြို့မဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီ ၁ ရက် ‌လေကြောင်းဗုံးကြဲမှု လုပ်ဆောင်ခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့ထံက သိရပါတယ်။