ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို ဒရုန်းနဲ့ ဝင် တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီနေ့မှာ ထွက်ပေါ်လာပါတယ်။

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စုံစမ်းထောက်လှမ်းနေတဲ့ TNISO အဖွဲ့က အဆိုပါ ရုပ်သံဖိုင်ကို ထုတ်ဖော်ပြသလိုက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို ဦးတည်ကာ ဒရုန်းနဲ့ ဝင်တိုက်လိုက်တာကို ဗီဒီယိုထဲမှာ ရှင်းရှင်းလင်းလင်း တွေ့မြင်ရပါတယ်။

မေလ ၂၀ ရက်က စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ် ၃ စီးကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၂ စီးထိမှန်ပြီး ၁ စီးဟာ ရွှေကူမြို့နယ် မြို့လှမြို့နယ်ခွဲ စည်ငန်းရွာအနောက်ဘက်ရှိ တောထဲ ပျက်ကျသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ Mi-17 ရဟတ်ယာဉ်ဟာ စက်ချို့ယွင်းမှုဖြစ်ပေါ် ပြီး ပျက်သွားခဲ့တယ်လို့ လိမ်လည်သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပျက်သွားခဲ့တဲ့ ရဟတ်ယာဉ်ကို KIA ပူးပေါင်းတပ်တွေက ရှာဖွေတွေ့ရှိခဲ့ရာ စစ်ကောင်စီတပ်သား အလောင်း ၁၆ လောင်းနဲ့ မီးလောင်ပျက်စီးနေတဲ့ လက်နက် ၁၄ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ်(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ (ရုပ်/သံ)

သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ်(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့ မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ဆောင်နန်းခဲကျေးရွာတိုက်ပွဲမှတ်တမ်း (ရုပ်/သံ) 

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA နဲ့ အင်းလေး PDF တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Battalion 1009:Inle People's Defence Force-IPDF က ထုတ်ပြန်ထားပါတယ်။
Read More

တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို ဧပြီ ၁၀ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

PDF ရဲဘော်များ သီဆိုထားသည့် သုည၏အားမာန် (ရုပ်/သံ)

စစ်အာဏာရှင်တွေကို နိဂုံးချုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ အသက်တွေ ဘဝတွေ ပေးဆပ်ကာ တိုက်ပွဲဝင်နေတဲ့ PDF လူငယ်တွေအတွက် ရေးစပ်ထားတဲ့ သုည၏အားမာန် သီချင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်ကတဆင့် မျှဝေထားပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သား တွေကို ‌အောက်တိုဘာ ၂၄ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KBU-တောလေးအဖွဲ့ထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ထီးကလယ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၄ ဦးအား ဖမ်းဆီးရမိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထီးကလယ်စစ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။