ရန်ကုန်တိုင်းစစ်ရေးလှုပ်ရှားမှုတွေအနေနဲ့ ဧပြီလ ၁ လတာအတွင်း စစ်ရေးဖော်ဆောင်မှု စုစုပေါင်း ၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ Operation Flame တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းအတွင်း လုပ်ဆောင်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုတွေထဲ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု (၇) ကြိမ်နဲ့ လုပ်ကြံမှု (၂) ကြိမ် ပါဝင်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တည်ရှိရာနေရာတွေ ဖြစ်တဲ့ အမှတ် (၁၁) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ ၁၁)၊ မရမ်းကုန်းမြို့နယ် အောင်သပြေရဲဝန်း၊ မင်္ဂလာဒုံမြို့နယ် တပ်နယ်မှူးရုံး၊ အင်းစိန်မြို့နယ် လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်တို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ Operation Flame တပ်ဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် တောင်ဒဂုံမြို့နယ် မြို့မရဲစခန်း၊ ကမာရွတ်မြို့နယ် မြို့မရဲစခန်းနဲ့ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ လေဆိပ်လမ်းသွယ်ရှိ ရဲကင်းတို့ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ Operation Flame တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မဟာမိတ်နယ်မြေတွေမှာ စစ်ရေးဖော်ဆောင်မှု တွေ လုပ်ဆောင်နေတဲ့ ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ဝင်အချို့ (ဓာတ်ပုံ OF)

0 Shares:
You May Also Like
Read More

ABSDF အမှတ် ၃ စစ်ကြောင်းနှင့် ရေစကြို ပ.က.ဖ တို့ ပူးပေါင်းပြုလုပ်သည့် အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်းနဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်တဲ့ ၁/၂၀၂၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ၊ ပြည်သူပိုင် အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ထိန်းသိမ်းရေးစခန်းများမှာ အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၂၃ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ယူနက်စကိုစာရင်းဝင် ပုဂံရှေး​ဟောင်းနယ်မြေထဲကို စစ်ကောင်စီ စတင်လေကြောင်းတိုက်ခိုက်၊ ရေစကြိုမှာလည်း သာဂေါင်ရွာ ဒုတိယအကြိမ် ဗုံးကြဲခံရပြီး နေအိမ်တွေ ထိခိုက်ပျက်စီး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီက ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းနယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Read More

အာဏာသိမ်းမှုနှင့် ငလျင်ဒဏ် ပြိုင်တူ ခံစားနေရသည့် မြန်မာတွင် လူပေါင်း ၆ သန်းကျော် အရေးပေါ် အကူအညီ လိုအပ်နေ

အာဏာသိမ်း စစ်ကောင်စီလက်အောက် ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ငလျင်ဒဏ် အကြီးအကျယ် ခံစားရပြီးတဲ့နောက် အရေးပေါ် အကူအညီတွေ လိုအပ်နေသူ အရေအတွက်ဟာ ၆ သန်းကျော်အထိ ရှိလာပြီလို့ UNICEF က ပြောပါတယ်။
Read More

မန္တလေးက စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်ခံရသူတွေကို ဒေါက်တာတေဇာစန်း အပါအဝင် တော်လှန်ရေးအဖွဲ့တွေ ကူညီကယ်ဆယ်ရေးဆောင်ရွက် 

မန္တလေးတိုင်းအတွင်းက တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဒေသအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသအုပ်ချုပ်ရေး (ပအဖ)၊ ဒေသကာကွယ်ရေး (ပကဖ) တာဝန်ရှိတွေ ပူးပေါင်းပြီး ငလျင်ဒဏ်သင့် ပြည်သူတွေကို ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေါက်တာတေဇာစန်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ဖော်ပြထားပါတယ်။