တရုတ်နိုင်ငံမှာ Unitree က ထုတ်လုပ်တဲ့ စက်ရုပ်ဟာ ချွတ်ယွင်းမှုဖြစ်ပြီး coding ရေးနေတဲ့ လူတစ်ယောက်ကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
အဆိုပါစက်ရုပ်ဟာ လူပုံတူ H1 Robotic မော်ဒယ်၊ ယွမ် ၆၅၀,၀၀၀ တန် အဆင့်မြင့်မော်ဒယ်ဖြစ် မယ်လို့ လူအများက သုံးသပ်နေကြပြီး ဗီဒီယိုဖိုင်မှာတော့ စက်ရုပ်ကို ကရိန်းတစ်ခုမှာ ချိတ်ဆွဲထားစဉ် စက်ရုပ်က သူ့ရဲ့ လက်တွေနဲ့ လိုက်လံဝှေ့ယမ်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စက်ရုပ်ရဲ့ တိုက်ခိုက်ခံရသူဟာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရပြီး စက်ရုပ်ကို ချိတ်ဆွဲထားတဲ့ ကရိန်းကနေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
Video-လူမှုကွန်ရက်