မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မော့ကနင်ကျေးရွာ အခြေစိုက် ခလရ ၁၀၆ တပ်ရင်းက စစ်မှုထမ်းဆင်းစစ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

မော့ကနင်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းက စစ်မှုထမ်းဆင်း စစ်သားသစ်တွေဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် စစ်သား ၂ ယောက် လက်နက်မယူဆောင်ဘဲ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ရောက်လာတယ်လို့ ဆိုပါတယ်။
အဆိုပါစစ်သား ၂ ယောက်ဟာ ပြည်သူ့ရင်ခွင်ကတစ်ဆင့် ဆက်သွယ်အလင်းဝင်လာတာဖြစ်ပြီး ဧပြီလ ၂၁ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်ဆီကနေ လက်နက်မဲ့ ထွက်ပြေးလာတာဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်သား ၂ ယောက်ဟာ ခရီးသွားချိန် အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းသင်တန်း တက်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေကျင်မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး ဘုန်းကြီးကျောင်းတချို့လည်း ပျက်စီးကုန်တယ်လို့ ပဲခူးခရိုင် ပကဖ တာဝန်ခံက ပြောပါတယ်။ 
Read More

သပိတ်ကျင်းမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံး

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

နတ်မောက်မှာ ရွာကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီး အရာရှိအပါ ၁၀ယောက်နီးပါးသေ

"ကန်သာရွာကိုစဝင်တော့ ကျနော်တို့ 40မမ နဲ့ပစ်ခတ်လို့ ဗုံးသီးစ လည်ပင်းထိပြီး စခတစ်ယောက်ထမ်းလာရတယ်။ အဲ့ဒါသူတို့ ကန်သာရွာကနေ အရပ်သားပိုင်ပစ္စည်းတွေ ယူလာပြီးအပြန် ထန်းပင်မြောင်ရွာအထွက်မှာ ကျနော်တို့က ၄၀မမတွေ၊ လက်နက်ငယ်တွေနဲ့လိုက်ပစ်ခဲ့ပါတယ်။ အဲ့မှာထမ်းစင်ပေါ်ကတင်လာတဲ့လူနာကို ပစ်ချပြီး ကျနော်တို့ကို ဆဲဆဲဆိုဆို ပြန်ပစ်ပါတယ်။ အဲ့လူနာကတော့သွေးထွက်လွန်ပြီးဆုံးတာပေါ့။"
Read More

လမ်းပိုင်းစစ်ဆေးမှုပြုလုပ်ချိန် သာဂရတပ်မတော်အကြီးစားစက်ရုံမှ တပ်ကြပ်ကြီး ၁ ဦးကို ဖမ်းဆီးရမိ

ပဲခူးတိုင်းရှိ တပ်မတော်အကြီးစားစက်ရုံ (သာဂရ) မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
Read More

ကန့်ဘလူတောင်ဘက်ခြမ်းရှိ ရွာ ၅ ရွာအား ဝါသဝနှင့် ပူးပေါင်းစစ်ကြောင်း စီးနင်းမီးရှို့၊ စစ်အုပ်စုက လေဖြတ်နေသည့် အသက် ၈၀ ကျော် အဘွားအိုကို မုဒိန်းကျင့် သတ်ဖြတ်ကာ အမျိုးသား ၄ ဦးကိုလည်း မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ သင်္ကန်းဝတ် ဝါသဝရဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၅ ရွာကို စီးနင်းမီးရှို့ရင်း အရပ်သား ၅ ယောက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။