အင်အားပြင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့တဲ့အတွက် ဒေသ ၄ ခုထက်မနည်းမှာ စာမေးပွဲ ပြန်လည်ဖြေဆိုရမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ငလျင်ဒဏ်နဲ့အတူ မန္တလေးတက္ကသိုလ်မှာ မီးလောင်ခဲ့ရာ ဒေသ ၄ ခုဖြစ်တဲ့ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်ဒေသတွေက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့တာကြောင့် ပြန်လည်ဖြေဆိုရမှာဖြစ်ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခုလို စာမေးပွဲကို ပြန်လည်ကျင်းပဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ငလျင်သင့်ဒေသတွေကို ရောက်ရှိစဉ် ညွှန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

ပြန်လည်ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇွန် ၁၆ ရက်ကနေ ဇွန် ၂၁ ရက်အထိ ကျင်းပမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ စာမေးပွဲ ဖြေဆိုရမယ့်သူတွေအနေနဲ့ သက်ဆိုင်ရာ ဖြေဆိုခွင့်ကတ်တွေကို တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးတွေထံက ဇွန် ၁ ရက်ကနေ ၁၅ ရက်အတွင်း ထုတ်ယူရမယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အခုလိုလုပ်ရပ်အပေါ် ငလျင်ဒဏ်သင့် ကျောင်းသားမိဘတွေနဲ့ ကျောင်းသားကျောင်းသူတွေကတော့ အပြင်းအထန် ကန့်ကွက်ပြောဆိုမှုတွေ ရှိနေပါတယ်။

ငလျင်ကြောင့် တက္ကသိုလ်ဝင်ခွင့် အဖြေလွှာတွေပျက်စီးခဲ့ရမှုအပေါ် စာမေးပွဲ ပြန်လည်ကျင်းပမယ့်အစား သက်ဆိုင်ရာ တက္ကသိုလ်အလိုက် သို့မဟုတ် ဘာသာရပ်အလိုက် လိုအပ်တဲ့ အရည်အချင်း စိစစ်ရွေးချယ်တဲ့စနစ်ကို လုပ်ဆောင်ဖို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က တိုက်တွန်းတောင်းဆိုထားပါတယ်။

အဖြေလွှာတွေ မီးလောင်မှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းမယ့်ကိစ္စဟာ တာဝန်ယူမှုမရှိတဲ့ ဖြေရှင်းချက်ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ထုတ်ပြန်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းထီနှင့် အွန်လိုင်းဈေးရောင်းသည်ဟုဆိုကာ အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၂ ဦးကို စစ်ကော်မရှင် ဖမ်းဆီး 

အာဏာသိမ်းစစ်ကော်မရှင်က အွန်လိုင်းပေါ်မှာ ထိုင်းထီနဲ့ ဈေးရောင်းချမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသမီး ၁ ယောက်၊ အမျိုးသား ၂ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ သတင်းထုတ်ပါတယ်။
Read More

ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက်နက်နဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ယောက်က သေနတ် ၁ လက်နဲ့ အလင်းဝင်လာတာကြောင့် ဆုငွေချီးမြှင့်ခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။
Read More

မန်တုံမြို့နှင့် မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၁) ဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့နဲ့ မိုင်းငေါ့မြို့တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာ ရောက်ကြဲ ချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တအာင်းပြည်မှာ TNLA ဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ကြိုဆိုကြောင်း MDY- PDF သဝဏ်လွှာပေးပို့

တအာင်းဒေသမှာ TNLA ဦးစီးဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ထောက်ခံကြိုဆိုကြောင်း မန္တလေး PDF က ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက ရှမ်းပြည်နယ်ကို ၄လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀ကျော် ပြုလုပ်ခဲ့

စစ်ကောင်စီဟာ ရှမ်းပြည်နယ်ကို ၄လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးမှာ ရှမ်းပြည်နယ်ကအများဆုံးဖြစ်ခဲ့တယ်လို့ Blood Money Campaign က အသိပေးထုတ်ပြန်ပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။