ငလျင်လှုပ်ခတ်မှုအပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ဒီနေ့ ထုတ်ပြန်လာပါတယ်။

ဧပြီလ ၁၈ ရက်နေ့မှာ Brave Warriors for Myanmar (BWM) က သူတို့ရဲ့ ၃၃ ခု မြောက်မစ်ရှင်အဖြစ် Black Leopard (ကျားသစ်နက်) အဖွဲ့နဲ့အတူ အေလာလေတပ်စခန်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာမှာ ၃ လုံး ပစ်ခတ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ဒုံးတွေ ပစ်ခတ်မှုကြောင့် လေယာဉ်သိုလှောင်ရုံ ၁ ခု ထိခိုက်မီးလောင်ခဲ့သလို လေဆိပ်လုံခြုံရေးအဖွဲ့ရဲ့ စောင့်ကြည့်ကင်မရာ ထိန်းချုပ်ခန်းရှိရာ အဆောက်အအုံလည်း ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သား ၂ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လေယာဉ်ပြေးလမ်းထိပ် လုံခြုံရေးကင်းသားတွေရှိရာ အဆောက်အဦး ထိမှန်ပျက်စီးကာ လေတပ်အစောင့်ကင်းသား ၄ယောက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အေလာလေတပ်စခန်း တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ဒီထက်ပိုများနိုင်ကြောင်း သတင်းရင်းမြစ်တွေထံက သိရပေမယ့် ခိုင်မာသေချာစေဖို့အတွက် ဘုံတူညီတဲ့ အချက်အလက်တွေကိုသာ ထုတ်ပြန်ထားတယ်လို့ BWM က ဆိုပါတယ်။

ရန်သူ့လေတပ်နှိမ်နင်းရေး နှစ်သစ်ကူးလက်ဆောင်အဖြစ် လုပ်ဆောင်တဲ့ ဒီတိုက်ခိုက်မှုဟာ အခက်အခဲတွေကြားကနေ ဖော်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း အရံသင့်အနေအထားနဲ့ ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ BWM က မောင်းကို ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

ဘောလခဲမြို့ ကာကင်းဗျူဟာမြောက်သည့် ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်ရရှိ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အနီးက ကာကင်းဗျူဟာမြောက်တဲ့ စစ်ကောင်စီရဲ့ ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ယောက် Loikaw Local PDF ထံ အလင်းဝင်

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ထံကို စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

AA ထိုးစစ်နှင့်အတူ စစ်ကောင်စီအတွက် စိုးရိမ်ရေမှတ် ရောက်ရှိလာသည့် မြို့တော် စစ်တွေ

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကို အာရက္ခတပ်တော် AA က ဖေဖော်ဝါရီလဆန်းပိုင်းမှာ စတင်ထိုးစစ်တိုက်ခိုက်ခဲ့တာဟာ မြို့တော်နဲ့ မိုင်အနည်းငယ်အကွာကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Read More

“ပြည်သူမှပြည်သူသို့” အစီအစဉ်နဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ခဲ့တဲ့ တော်ဝင်ဒေါင်းစစ်ကြောင်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ဝင်ဒေါင်းတပ်ရင်းရဲ့ ဆရာဝန် ဒေါက်တာချင်းက ဦးဆောင်ပြီး “ပြည်သူမှပြည်သူသို့” အစီအစဉ်အဖြစ် ပြည်တွင်းပြည်ပအလှူရှင်တွေ ပေးပို့လှူဒါန်းထားတဲ့ အလှူငွေနဲ့ ရိက္ခာပစ္စည်းတွေကို တပ်ရင်းစစ်ကြောင်းစိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေဆီ ပြန်လည်မျှဝေ‌ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံ၏ အရှုပ်အထွေးများကို ဖြေရှင်းရန် စီမံချက်များ အသင့်ရှိနေပြီဟု စစ်ထွက်အများစု ပါဝင်သည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြော

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ချောင်းဦးနဲ့ မြင်းမူမှာ စစ်ကောင်စီယာဥ်တန်းနဲ့ လုံခြုံရေးစစ်သားတွေ မိုင်းဆွဲခံရပြီး ၃ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးနဲ့ မြင်းမူမြို့နယ်တွေမှာ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်ယာဥ်တန်းနဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။