အာဏာသိမ်း စစ်ကောင်စီလက်အောက် ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ငလျင်ဒဏ် အကြီးအကျယ် ခံစားရပြီးတဲ့နောက် အရေးပေါ် အကူအညီတွေ လိုအပ်နေသူ အရေအတွက်ဟာ ၆ သန်းကျော်အထိ ရှိလာပြီလို့ UNICEF က ပြောပါတယ်။

ငလျင်ဒဏ်သင့် ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးကာ ယာယီတဲတွေနဲ့ နေထိုင်နေကြရတဲ့အပြင် ပူပြင်းလှတဲ့ ရာသီဥတုဒဏ်ကို အံတုရင်း သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အဆိုအရ အရေးပေါ် အကူအညီ လိုအပ်နေသူ ၆.၃ သန်းကျော် ရှိိနေပြီး ကျန်းမာရေးအရ အထူးသဖြင့် ၅နှစ်အောက် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အာဟာရချို့တဲ့မှုတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

သဘာဝ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံကို နိုင်ငံတကာ အကူအညီတွေ ပြည့်ပြည့်ဝဝ ရောက်ရှိနိုင်ဖို့အတွက် တရားမဝင် အာဏာသိမ်းစစ်ကောင်စီကလည်း အတားအဆီးတစ်ခုသဖွယ် ဖြစ်နေပါတယ်။

လက်ရှိမှာ အရေးပေါ် အကူအညီ လိုအပ်သူတွေ များပြားနေတာကြောင့် UNICEF ကတော့ နိုင်ငံတကာအနေနဲ့ ကူညီထောက်ပံ့မှုတွေ ဆက်လက်ပေးအပ်ကြဖို့ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တွေက နိုင်ကျဉ်းတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းနေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ အာဏာရှင်စနစ်အမြစ်ပြတ်ရေး ကြိုးပမ်းနေကြတဲ့ ပြည်သူတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အဓမ္မဖမ်းဆီးချုပ်နှောင်လျက်ရှိပြီး  သူတို့လက်အောက်ခံ ထောင်အာဏာပိုင်တွေကလည်း နိုင်ငံရေးအကျဉ်းသားတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းနေကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကနိုဝင်ဘာလ၃ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
Read More

CDF-မတူပီ၊ တပ်မဟာ ၂ ၊ တပ်ရင်း ၂ က ၄ ကြိမ်မြောက် ညီလာခံကျင်းပ

ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ ၊ တပ်ရင်း၂ (အောက်ချင်းတပ်ရင်း) က လေးကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီလ ၁၈ ရက်ကနေ ၂၄ ရက်အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထပ်မကျူးလွန်ရန် သတိပေးထားသည့် မူးယစ်ဆေးရောင်းဝယ်သူ စစ်တပ်သတင်းပေးသူလျှိုကို ကော့သောင်း ပကဖ ရှင်းလင်းခဲ့

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ ပြစ်မှုတွေ ထပ်မကျူးလွန်ဖို့ သတိပေးထားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူ၊ အကြမ်းဖက်စစ်တပ်ရဲ့ သတင်းပေးသူလျှိုကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လယ်ဒိုနှင့် မူးမြို့တို့မှာ ပြည်သူ ၁ဦး သေဆုံးပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်က အပြစ်မဲ့ အရပ်သား ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၇) လုံးပျက်စီးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီမှာ လက်လွှတ်ထားရတဲ့ ဒေသတွေကို စစ်ကောင်စီ အင်အားဖြည့် ထိုးစစ်ဆင်ဖို့ပြင်ဆင်နေ

နယ်မြေအမြောက်အမြား လက်လွှတ်ထားရတဲ့ ကရင်နီဒေသမှာ စစ်​ကောင်စီက ပြန်လည်ထိုးစစ်ဆင်ဖို့ အင်အားအမြောက်အမြား ဖြည့်တင်းနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။