မကွေးတိုင်း နတ်မောက်မြို့ တောင်ဘက်အထွက်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေခဲ့တယ်လို့ People’s Defense Organization – Natmauk ထံက သိရပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေကို အနိုင်ကျင့်ပိုက်ဆံတောင်းတာ၊ ပေါ်တာဆွဲတာတွေ လုပ်ဆောင်လေ့ရှိတာကြောင့် တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ယောက်သေခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို နတ်မောက်မြို့နယ် ပကဖအဖွဲ့နဲ့ မဟာမိတ် တပ်ပေါင်းစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး People’s Defense Organization Natmauk – နတ်မောက် ပကဖ အနေနဲ့ ပြည်သူလူထုနဲ့အတူ လက်တွဲညီညီချီတက်ကာ နတ်မောက်မြို့ကို သိမ်းပိုက်နိုင်ရေး ကြိုးစားသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်း အင်အား ၆၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားပြီး စခန်းအချို့ လက်လွှတ်ခဲ့ရ (ရုပ်/သံ)

နေပြည်တော်၊ မကွေးနှင့် ပဲခူးတိုင်း ထိစပ်နယ်မြေများကို အင်အား ၆၀၀ ခန့်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ် မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့စခန်းအချို့ လက်လွှတ်ခဲ့ရတယ်လို့ ၉၀၂ တပ်ရင်း ၊ တပ်ခွဲ - ၃ ၊ တောင်တွင်းကြီးတပ်ခွဲမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် SSNDF/ KNDF B-103 ကနေ သင်တန်းသားရဲဘော် သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ထန်းတပင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူတွေကို ဧရာဝတီ အမှတ် (၃) တပ်ရင်း နဲ့ ပဲခူး PDF တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေး (ရုပ်/သံ)

ထန်းတပင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူတွေကို ဧရာဝတီ အမှတ် (၃) တပ်ရင်း နဲ့ ပဲခူး PDF တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေး (ရုပ်/သံ)
Read More

ပြိုကျနေသော အဆောက်အအုံအောက် နာရီပေါင်း ၁၂၁ နာရီကြာ ပိတ်မိနေသည့် အမျိုးသား ၁ ‌ယောက်ကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်အေးချမ်းသာ အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ အမျိုးသား ၁ ယောက်ကို ဒီနေ့ ဧပြီ ၂ ရက် နေ့လယ်ပိုင်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို နိုဝင်ဘာ ၃၀ ရက် မနေ့ညပိုင်းက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ‌ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းနိုင်ငံ မဲဆောက်မြို့က သြရွဇာရွှေဆိုင် ဓားပြတိုက်လုယက်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ Lotus စျေးဝယ်စင်တာက သြရွဇာရွှေဆိုင်ကို အမျိုးသား၁ယောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေတွေ လုယက်ယူဆောင်သွားတဲ့ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့ပါတယ်။