မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် နိုင်ငံပေါင်း ၂၀ က ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ယောက် ရောက်ရှိနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ပြင်းထန်ငလျင်လှုပ်ခတ်ပြီးနောက် အချိန်နှစ်ပတ်နီးပါး ကြာလာတဲ့အချိန်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ ချိတ်ဆက်ပူးပေါင်းပြီး ဆက်လက်လုပ်ကိုင်နေကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ငလျင်လှုပ်ခတ်အပြီး ရက်ပိုင်းအတွင်းမှာပဲ ရုရှားနဲ့ တရုတ်နိုင်ငံတွေက ကယ်ဆယ်ရေးအဖွဲ့တွေစတင်ရောက်ရှိလာပြီး နောက်ပိုင်းမှာ ဥရောပ၊ အာရှနဲ့ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ တဖွဲဖွဲရောက်ရှိခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်အစိုးရငြိုငြင်မှာစိုးတာကြောင့် ထိုင်ဝမ်က လာရောက်မယ့် ကယ်ဆယ်ရေးအဖွဲ့ကိုတော့ မြန်မာပြည်ကို ဝင်ရောက်ခွင့်မပြုခဲ့ပါဘူး။

တချို့နိုင်ငံတွေက ကယ်ဆယ်ရေးအဖွဲ့တွေအပြင် ဆေးဝါးကျွမ်းကျင်ပညာရှင်တွေပါ ပါဝင်လာပြီး မြေပြင်မှာ ကုသကယ်ဆယ်ရေး​တွေ လုပ်ဆောင်ခဲ့ကြပါတယ်။

နိုင်ငံတစ်ဝန်း မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၃၆၀၀ ကျော်သွားပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီဇင်ဘာလအတွင်း ဒုရဲအုပ် (၁) ယောက်အပါအဝင် စစ်သားနဲ့ ရဲ (၂၈) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်သားနဲ့ ရဲ (၂၈) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတရားဖမ်းဆီးခံထားရသည့် အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသမှု မရ 

အင်းစိန်ထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ အလုပ်သမားအရေးလှုပ်ရှားသူ STUM ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးဟာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

သံလွင်မြစ်ရေတက်လာတာကြောင့် ဘားအံမြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်နေ

ဝီဖာမုန်တိုင်းအရှိန်ကြောင့် သံလွင်မြစ်ရေတက်လာကာ ကရင်ပြည်နယ်၊ ဘားအံမြို့က မြို့ပေါ်ရပ်ကွက်တွေထိပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ဒေသခံတွေထံက သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ်နဲ့ ပေါင်းပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ တရုတ်ပိုင် စက်ရုံ ၂ ခုကို ဖောက်ခွဲတိုက်ခိုက်

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားတွေအပေါ် ဖိနှိပ်ခေါင်းပုံဖြတ်တာတွေ များလာတဲ့ ရန်ကုန်တိုင်းထဲက တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ ခုကို မိုင်းခွဲသတိပေးခဲ့ကြောင်း The Grand Unsung အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်တကွ တောင်သူကြီးများအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမခကနေ စစ်ကိုင်းဘက်လာတဲ့ သံချပ်ကာ စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီး ၇ ယောက် သေ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာ နမခကနေ စစ်ကိုင်းဘက်ကို ထွက်ခွာလာတဲ့ စစ်​ကောင်စီသံချပ်ကာယာဥ်တန်းကို ချောင်းဦး- မြင်းမူလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ရာ ကား၂ စီး ထိခိုက်ပြီး အကြမ်းဖက်စစ်သား ၇ ယောက် သေဆုံးကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ ၊ လျှပ်စီးတပ်ခွဲတာဝန်ရှိသူက မောင်းကို ပြောပါတယ်။