အာဏာသိမ်းစစ်တပ်လက်ထဲမှာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် နိုင်ငံတကာကလှူဒါန်းထားတဲ့ စီးဆင်းငွေ အမေရိကန်ဒေါ်လာ ၁၃၆ သန်းအထိ ရရှိထားတာကြောင့် ပြည်သူတွေထံ ရောက်ရှိဖို့ စောင့်ကြည့်ရမယ်လို့ Burma News International နဲ့ Myanmar Peace Monitor တို့က ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
“ပဋိပက္ခအတွင်း ငလျင်ဒဏ်သင့်ပြည်သူများနှင့် အပစ်ရပ်ခြင်း၊ မရပ်ခြင်း ဝိရောဓိ “ဆိုတဲ့ အစီရင်ခံစာ မှာ စစ်ကောင်စီထံ ရောက်ရှိနေတဲ့ နိုင်ငံတကာက ငလျင်အတွက် ကူညီငွေတွေကို ဖော်ပြလာခြင်းဖြစ်ပါတယ်။
ဗြိတိန်၊ အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက မြေငလျင်သင့်ပြည်သူတွေအတွက် ရည်ရွယ်ကာ ကူညီထောက်ပံ့ငွေတွေ ပေးအပ်လျက်ရှိရာ လတ်တလောမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၆ သန်းအထိ ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။
ဥရောပသမဂ္ဂ ၊ Quad အစရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတွေက လှူဒါန်းငွေအများစုဟာ စစ်ကောင်စီထံက စီးဆင်းလျက်ရှိပါတယ်။
တချို့သော နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ လှူဒါန်းငွေတွေကို စစ်ကောင်စီ ထံကမစီးဆင်းစေဘဲ ငလျင်ဘေးသင့် ပြည်သူတွေထံ တိုက်ရိုက် ရောက်ရှိအောက် ထောက်ပံ့ကူညီသွားမယ်လို့ အသီးသီးထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ ငလျင်ဘေးကြောင့် သေဆုံးခဲ့ရသူ တစ်ဦးလျင် ငွေကျပ် ၁၀သိန်းအထိ ထောက်ပံ့မယ်လို့ ပြောကြားထားပြီး နေအိမ်ပျက်စီးဆုံးရှုံးမှုတွေလည်း လျော်ကြေးပေးအပ်မယ်လို့ ပြောကြားထားပါတယ်။
အဆိုပါထောက်ပံ့မှုတွေဟာ ပြည်တွင်းကအလှူရှင်တွေရဲ့ ထောက်ပံ့ကူညီငွေတွေနဲ့ ပေးအပ်မှာ ဖြစ်တာကြောင့် အခုလို ပြည်ပက ကူညီပံ့ပိုးလာတဲ့ ငွေကြေးတွေကိုတော့ ဘယ်လို အသုံးပြုသွားမလဲဆိုတာကို အာဏာသိမ်းစစ်တပ်က အတိအကျ ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်ပနိုင်ငံတွေအနေနဲ့ ငလျင်ဘေးအတွက် ကူညီလှူဒါန်းပါက စစ်ကောင်စီထံ တိုက်ရိုက် လှူဒါန်းမှုမျိုးထက် မြေပြင်ကို တိုက်ရိုက် ရောက်ရှိကူညီနိုင်မယ့် ပုံစံမျိုးနဲ့ လှူဒါန်းပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
0 Shares:
You May Also Like
Read More

စင်ကာပူ သွားမည်ဆိုပြီး လေယာဉ်လမ်းကြောင်းပြောင်းရခြင်းဟာ ဒွန်မောင်းလေဆိပ် လဝက စစ်ဆေးမှုများဖြင့် အချိန်ကြန့်ကြာခြင်းကြောင့် ဖြစ်ဟု သက်ဆင် ပြော

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ် လူဝင်မှုကြီးကြပ်ရေးမှာ နှောင့်နှေးမှုကြောင့် စင်ကာပူကို သွားဖို့ စီစဉ်ထားပေမယ့် ပုဂ္ဂလိကလေယာဉ် ဆင်းသက်ရာ စင်ကာပူရှိ ဆီလီတာလေဆိပ် ပိတ်သွားတာကြောင့် ဒူဘိုင်းကို ခရီးစဥ်ပြောင်းလဲခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုရီးယားနေ တော်လှန်ပြည်သူများနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုရီးယားနေ တော်လှန်ပြည်သူတွေနဲ့ စက်တင်ဘာ ၂၇ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မနေ့က တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ရုံးက ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းများကနေ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ လူပေါင်း ၇၁၀၀ ကျော်ကို ထိန်းသိမ်းထားကြောင်း BGF ပြော

ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေကနေ  ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ  နိုင်ငံပေါင်း (၂၈) နိုင်ငံက လူပေါင်း ၇၁၀၀ ကျော်ကို ထိန်းသိမ်းထားတယ်လို့ ကရင်နယ်ခြားစောင့်တပ် BGF ဒုတိယ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။ 
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်တပ်၏ လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ် လုံခြုံရေးတိုးမြှင့်ထား

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ နယ်စပ်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်‌သည့် “နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၅” ပြုလုပ်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက စီစဉ်ပြုလုပ်ပြီး ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်းတွေ ပါဝင်‌တဲ့ “နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၅”ကို အင်ချွန်းမြို့၊ ဘူဖျောင်းမြို့နယ်ရုံးမှာ မတ်လ ၂၃ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နီပေါဒီမိုကရေစီလှုပ်ရှားမှုကို ဆူပူမှုဟု သုံးနှုန်းပြီး သင်ခန်းစာယူရန် အကြမ်းဖက်မင်းအောင်လှိုင် ပြောဆို… ဆန္ဒပြမှုများ နောက်ကွယ် အင်အားကြီးနိုင်ငံအချို့ပါဟု စွပ်စွဲထား…

လက်ရှိဖြစ်ပွားနေတဲ့ နီပေါနိုင်ငံ အရေးကိစ္စနောက်ကွယ်မှာ အင်အားကြီးနိုင်ငံတွေပါဝင်နေပြီး ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအတွက် သင်ခန်းစာယူသင့်ကြောင်း အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကော်မရှင်နဲ့ စစ်ကော်မရှင်အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။