မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်း ဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Democratic Army ထံက သိရပါတယ်။

ဧပြီ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျောက်ပြင်ကန်ကျေးရွာကို အင်အား ၂၀၀ ခန့်နဲ့  ၆၀ မမ လက်နက်ကြီး ပစ်ခတ်တာ၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မီးရှို့မှုအတွင်း နေအိမ် ၁၂ လုံး ပျက်စီးခဲ့ရပြီး ကျေးရွာအတွင်း တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်း ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျားမ တန်းတူရေး အလေးပေးသည့် ပြည်နယ်တပ်အဖြစ် တည်ဆောက်မည်ဟု KNDF အသိပေး (ရုပ်/သံ)

ခွဲခြားဖိနှိပ်မှုကင်းစင်သလို ဖိနှိပ်မှုမှန်သမျှကိုလည်း တိုက်ဖျက်ကာ Gender (ကျား၊မ) တန်းတူရေးကို အလေးပေးတဲ့ ပြည်နယ်တပ်အဖြစ် တည်ဆောက်သွားမယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ကတိပေး ပြောကြားလိုက်ပါတယ်။
Read More

ပျူစခန်း ၂ ခု ကို ၁၁ ရက်ကြာ ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်မှု ပျူ ၄ ယောက် သေ၊ ၆ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ် ဇီးပြားပျူစခန်းနဲ့ သရော်ကိုင် ပျူစခန်းကို နိုဝင်ဘာ ၂၂ ရက်ကနေ ဒီဇင်ဘာ ၃ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးအများအပြားကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ မေလ ၉ ရက်နဲ့ ၁၀ ရက်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စလင်းပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့် ဆွတ်ဘွမ်ကျေးရွာ ကျောက်မျက်လုပ်ကွက်မှာ ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်၊ ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်စီဇာအနီး ဆွတ်ဘွမ်ကျေးရွာ ကျောက်မျက်လုပ်ကွက်မှာ ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပွားပြီး လုပ်သား ၂ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေထံက သိရပါတယ်။
Read More

စစ်တပ်က စခန်းလက်လွှတ်ရလို့ စာသင်ကျောင်းများကို ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF ထုတ်ပြန် (ရုပ်/သံ)

တော်လှန်ရေးစိုးမိုးနယ်မြေထဲရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အရပ်ဘက်နေအိမ်တွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်းမှာ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။