ငလျင်ဒဏ်သင့်နေတဲ့ မြန်မာပြည်သူလူထုအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘန်ကောက်မှာ ပြုလုပ်တဲ့ BIMSTEC အစည်းအဝေး ဖိတ်ကြားတဲ့ကိစ္စ ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ် အနေနဲ့ သေချာရှင်းလင်းပေးဖို့ ဧပြီလ ၃ ရက် ထိုင်းအောက်လွှတ်တော်အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။ 

ထိုင်းရဲ့ Fair ပါတီ လွှတ်တော်အမတ် Kannavee Suebsang က အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

“နိုင်ငံတကာ စင်မြင့်မှာ ထိုင်းရဲ့ သံတမန်ရေး ရပ်တည်ချက်ဟာ ထိလွယ်ရှလွယ် ဖြစ်ပါတယ်။ မြန်မာစစ်အာဏာရှင်ကို တရားဝင် အစည်းအဝေးကြီးတက်ဖို့ ဖိတ်ကြားခဲ့တာ များများစားစား မရှိပါဘူး … မင်းအောင်လှိုင်သွားတာ တရုတ်နဲ့ ရုရှားပဲ ရှိတယ်။ အခုတတိယမြောက်နိုင်ငံက ထိုင်းဖြစ်နေတယ်” လို့ သူက ပြောပါတယ်။ 

ထိုင်းမှာ ပြုလုပ်တဲ့ BIMSTEC အစည်းအဝေးတက်ဖို့ ဒီနေ့‌ နေ့လယ်ပိုင်းမှာ နေပြည်တော်ကနေ ထွက်ခွာလာတဲ့ မင်းအောင်လှိုင်ဟာ  ဒေသချိန် (၄) နာရီ ခန့်မှာ ဘန်ကောက်ကို ရောက်ရှိတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကိုပါ ထိခိုက်ခဲ့တဲ့ မြန်မာငလျင်အပေါ် လူတိုင်းက စိတ်မကောင်းဖြစ်နေချိန်၊ နိုင်ငံတကာက စိတ်မကောင်းဖြစ်နေချိန် စစ်ခေါင်းဆောင်ကို ထိုင်းဖိတ်တဲ့ကိစ္စ ဝန်ကြီးချုပ်အနေနဲ့ ရှင်းလင်းဖို့လိုကြောင်း သူကဆိုပါတယ်။ 

ဒါ့အပြင် ဒီလုပ်ရပ်အပေါ် လူတကာရဲ့ တိုက်ခိုက်မှုတွေ ကြုံရနိုင်တယ်လို့လည်း သူကပြောပါတယ်။ 

ပြီးခဲ့တဲ့ သောကြာနေ့ နေ့လယ်ပိုင်း ငလျင်လှုပ်ပြီး ၂ မိနစ်အကြာမှာ စစ်ခေါင်းဆောင်ဟာ နိုင်ငံအနှံ့က အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ အမိန့်ပေးခဲ့တယ်လို့လည်း သူကဆိုပါတယ်။ 

“၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ တိုက်ခိုက်မှုပေါင်း ၂၀ ဖြစ်ပွားခဲ့ပြီး ၁၂ ဦး သေဆုံးခဲ့ရတယ်။ မနေ့ကအထိဆို တိုက်ခိုက်မှု ၄၈ ကြိမ် ရှိခဲ့တယ်” လို့ Kannavee က ထိုင်းအောက်လွှတ်တော်မှာ တင်ပြပါတယ်။ 

ထိုင်းရဲ့ သံတမန်ရေးက နိုင်ငံတကာ မျက်နှာစာမှာ အာရုံစိုက်စရာ ဖြစ်နေတဲ့အလျောက် စစ်ခေါင်းဆောင်ကို အခုလို ဖိတ်ကြားတဲ့ကိစ္စ သက်ရောက်မှုများစွာ ဖြစ်လာနိုင်တာကြောင့် ဝန်ကြီးချုပ်က ရှင်းလင်းရမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရုရှားနှင့်တရုတ်ထံမှ ရဟတ်ယာဉ်နှင့် လေယာဉ်များ မြန်မာစစ်တပ်ရယူနေ

မြန်မာအနေနဲ့ သွေးထွက်သံယိုဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ နိုင်ငံတကာဖိအားတွေ ရှိနေပေမယ့် အာဏာသိမ်း စစ်ကော်မရှင်ကတော့ ရုရှားနဲ့ တရုတ်ဆီကနေ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေ ရယူပြီး လေတပ်အင်အားဖြည့်နေတယ်လို့ ပြောပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ်  ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဝိုင်း မကူညီရင် အသံနှင့် အမှန်တရားများ တိတ်ဆိတ်သွားနိုင်သည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာများကို အကူအညီပေးကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် တိုက်တွန်း 

မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပံ့ပိုးရပ်တည် ကူညီပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က ဒီနေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ဘီလာရုစ် သမ္မတက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီမှုအပေါ် Defend Myanmar Democracy အဖွဲ့ က ကန့်ကွက် 

စစ်ကောင်စီရဲ့ တရားမ၀င်ရွေးကောက်ပွဲမှာ ရုရှားနဲ့ ဘီလာရုစ် ပါ၀င်ကူညီမှုကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း Defend Myanmar Democracy အဖွဲ့ က ဒီနေ့ မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။  
Read More

ရှမ်းမြောက်နဲ့ ဆက်စပ်ဒေသတွေက တရုတ်စီမံကိန်း ၁၃ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ အပြည့်အဝထိန်းချုပ်ထား..

ရှမ်းပြည်နယ် မြောက်ပိုင်းအပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာရှိတဲ့ တရုတ်စီမံကိန်း ၁၃ ခုကို တိုင်းရင်းသား လက်နက်ကိုင် (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDFs) တွေက အပြည့်အဝထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာအပါအဝင် အာရှရွှေ့ပြောင်းများကို တောင်ဆူဒန်နိုင်ငံဆီ ထရမ့်အစိုးရ ပြည်နှင်ဒဏ်ပေး

အမေရိကန်အစိုးရက မြန်မာနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေက ရွှေ့ပြောင်းတွေကို ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အရှေ့အာဖရိကနိုင်ငံ တောင်ဆူဒန်ဆီ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးရှေ့နေတွေက ဖက်ဒရယ်တရားသူကြီးကို အင်္ဂါနေ့မှာ ပြောပါတယ်။