ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုတပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားကို ပြီးခဲ့တဲ့ ဧပြီလ (၁) ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အဲ့ဒီအခမ်းအနားမှာ အမိန့်နာခံမှုနဲ့ စည်းကမ်းကောင်းမွန်တဲ့ ရဲဘော်တွေ ဆုပေးခြင်း ၊ တပ်ရင်းရဲ့ သုံးနှစ်တာကာလဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တောင်ညိုတပ်ရင်းအနေနဲ့ သုံးနှစ်တာကာလအတွင်း ပျောက်ကြားတိုက်ပွဲ (၆၇)ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့သလို တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က (၂၅၈) ယောက် သေဆုံးကာ (၂၃၃) ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ စစ်ကား (၂၉)စီးပျက်စီးခဲ့သလို တောင်ညိုတပ်ရင်းကလည်း ရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား ၃ ဦး KNLA ထံ အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ်က စစ်မှုထမ်းတပ်သား ၃ယောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ တပ်ရင်း (၉) ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ စစ်အုပ်စုကားတန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သားနဲ့ ပျူ ၂၀ ကျော် သေဆုံး၊ သေနတ် ၁၀ လက်နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုကားတန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၂၀ ကျော် မျက်မြင်သေဆုံးပြီး သေနတ်၁၀လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ 2IC ကိုဗညား က မောင်းကိုပြောပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ၊ နေအိမ် ၄ လုံး ပျက်စီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်အတွက် NUG Public affairs hotline ကနေ ဝန်ဆောင်မှုပေးနေဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ က NUG public affairs hotline နဲ့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ မနေ့က ဧပြီ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ စစ်ကြောင်းဝင် ဗုံးကြဲ မီးရှို့တဲ့ စစ်ကောင်စီနဲ့ Southern YSO PDF ထိတွေ့တိုက်ပွဲ ၂ရက်ဆက်ဖြစ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၂ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိကြောင်း Southern YSO PDF ထံက သိရပါတယ်။
Read More

အေဂျင်စီများ ထိုင်းနိုင်ငံအတွက် တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်

ထိုင်းနိုင်ငံကို အလုပ်သမားတွေ စေလွှတ်မယ့် အေဂျင်စီတွေအနေနဲ့ တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။