အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို BIMSTEC ညီလာခံ ဖိတ်ကြားထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

ဧပြီ ၃ ရက် နဲ့ ၄ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကောင်စီကို ဖိတ်ကြားမှုအပေါ်ကန့်ကွက်လိုက်ခြင်းဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော် ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ရဲ့ ၆ ကြိမ်မြောက်အစည်းအဝေးကို ထိုင်းနိုင်ငံမှာကျင်းပမှာဖြစ်ပြီး မင်းအောင်လှိုင်ကို ဖိတ်ကြားထားတယ်လို့ သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ထိုင်းနိုင်ငံအနေနဲ့ ခိုင်မာတဲ့ရပ်တည်ချက် နဲ့ စစ်အစိုးရ ပူးပေါင်းပါဝင်မှုကို ငြင်းပယ်ရမယ်လို့ တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီကို စားပွဲဝိုင်းမှာ နေရာပေးခြင်းဟာရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုကို တရားဝင်စေရုံသာမက BIMSTEC ရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်ရွယ်ချကိတွေလည်း ပျောက်ကွယ်နိုင်တယ်လို့ဆိုပါတယ်။

BIMSTEC အစည်းအဝေးဟာ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက အာဆီယံ၏ ဖယ်ကျဉ်ခြင်းခံထားရသော မင်းအောင်လှိုင်ကို အာဆီယံဒေသတွင်း ပထမဆုံး ပြန်လည် ဖိတ်ခေါ်ခဲ့သည့် အစည်းအဝေးလည်း ဖြစ်ပါတယ်။

BIMSTEC ရဲ့ လုပ်ရပ်အပေါ်အရပ်ဘက်အဖွဲ့အစည်း ရာနှင့်ချီက မင်းအောင်လှိုင်အား ဖိတ်ကြားမှုကို လက်မခံကြောင်းနဲ့ပြန်လည်ရုပ်သိမ်းပေးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ခေါင်းဆောင်ကို BIMSTEC အစည်းအဝေး တက်ရောက်ခွင့်ပြုမှုအပေါ် NUG ကန့်ကွက်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စိတ်ကြွဆေး ၅.၅ တန်နဲ့အတူ မြန်မာနိုင်ငံသား ၆ ယောက်ကို အိန္ဒိယကမ်းခြေစောင့်တပ်ဖမ်းဆီး

မြန်မာပြည်ကနေ မက်သာဖက်တမင်း ၅.၅ တန် တင်ဆောင်လာတဲ့ မှောင်ခိုသင်္ဘောတစ်စင်းကို ကပ္ပလီပင်လယ်ပြင်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

အလုပ်သမားနေ့တွင် AAC ရွှေ့ပြောင်းအလုပ်သမား ကယ်ဆယ်ရေးဂေဟာကို မြေပိုင်ရှင် လာရောက်ဖျက်ဆီး

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီဖြေရှင်းပေးနေတဲ့ AAC အဖွဲ့ရုံးကို အဆောက်အဦး တည်ဆောက်ထားရာ မြေပိုင်ရှင်က အဖွဲ့တစ်ဖွဲ့ ငှါးရမ်းကာ ဖျက်ဆီးစေခဲ့တယ်လို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးထံက သိရပါတယ်။
Read More

စစ်ကောင်စီအတွက် လေယာဉ်တွေရောင်းနေတဲ့ AVIC နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ Airbus ကို ရပ်တန့်စေဖို့ ဥရောပနိုင်ငံတချို့ အကျိုးအမြတ်တွေကြောင့် မျက်ကွယ်ပြုနေ

ဥရောပနိုင်ငံကြီး (၃) နိုင်ငံက ရှယ်ယာပါဝင်ထားတဲ့ Airbus ရဲ့ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီနိုင်ငံတို့ဟာ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်ပိုင် AVIC  လုပ်ငန်းစုနဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေမှုကို အကြိမ်ကြိမ် ကန့်ကွက်နေတဲ့ကြားထဲက လုပ်ဆောင်နေမှုဟာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့  Justice For Myanmar နဲ့ Info Birmanie တို့ကပူးတွဲထုတ်ပြန်လိုက်ပါတယ်။
Read More

ရာသီဥတုဖောက်ပြန်မှုကြောင့် အမျိုးသမီးတွေ အများဆုံးထိခိုက်တယ်လို့ အာဆီယံရဲ့အစီရင်ခံစာ ပြော

ရာသီဥတုဖောက်ပြန်မှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အလွန်ထိခိုက်စေခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့အပတ်က တင်ပြခဲ့တဲ့ ASEAN Gender Outlook 2024 အစီရင်ခံစာအရ သိရပါတယ်။
Read More

မြန်မာတွင် လူငယ် ၃ ယောက်မှာ ၁ ယောက်နီးပါး စစ်မှုထမ်းခေါ်ယူခံရမှာကို စိုးရိမ်နေဟု ဆို

အာဏာသိမ်းစစ်တပ် လက်အောက်မှာ မြန်မာနိုင်ငံဟာ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့အပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ နေ့စဥ်နဲ့အမျှ ခြိမ်းခြောက်ခံနေရတာ ဖြစ်ပါတယ်။ ဒီလို ခြိမ်းခြောက်မှုတွေထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းဥပ‌ဒကလည်း ကြီးကြီးမားမား သက်ရောက်မှုရှိနေပါတယ်။