နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် မတ်လ ဒုတိယပတ်အတွင်း အလင်းဝင်လာသူနဲ့ အဖမ်းခံရသူ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ပြည်သူ့စစ်နဲ့ ရဲ စုစုပေါင်း ၇၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က အလင်းဝင်လာသူတွေကတော့ စစ်သား ၂၆ ယောက်နဲ့ ပြည်သူ့စစ် ၂ ယောက် စုစုပေါင်း ၂၈ ယောက် ရှိပြီး ၁၃ ယောက်က စစ်မှုထမ်းသင်တန်းဆင်းတွေ ဖြစ်ကာ မန္တလေးတိုင်းက အများဆုံးအဖြစ် ၁၄ ယောက် အလင်းဝင်လာတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ကနေ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ ၄၈ ယောက်ရှိပြီး စစ်ကိုင်းတိုင်းက ၃၄ ယောက်နဲ့ မန္တလေးတိုင်းက ၁၄ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စကစ၏ “ပြေးဟပရောဂျက် ယခုတစ်ပတ်” အစီအစဥ်အဖြစ် ပြည်သူ့ပန်းတိုင်က ပြုလုပ်နေတဲ့ အစီအစဥ်မှာ နိုင်ငံတစ်ဝန်း တစ်ပတ်အတွင်း စစ်ကောင်စီတပ်က အလင်းဝင်သူနဲ့ စစ်သုံ့ပန်း အရေအတွက်ကို အများပြည်သူ သိရှိအောင် အသိပေးထုတ်ပြန်နေတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီက ငွေစက္ကူကျပ် ၃၁ ထရီလီယံအထိ အလွန်အကျွံ ရိုက်ထုတ်ပြီး တိုင်းပြည်စီးပွားရေးကို ဖျက်ဆီးနေ

စစ်ကောင်စီက ကျပ်ငွေ ၃၁ ထရီလီယံအထိ  ငွေစက္ကူ အလွန်အကျွံ ရိုက်ထုတ်ကာ တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

ကရင်နီဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီ လေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ ဒုံး ၁၀ လုံး ထိမှန်ပေါက်ကွဲ

နှစ်သစ်ကူးညမှာ ကရင်နီဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ တောင်ငူ ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

ဘယ်တော်လှန်ရေးအဖွဲ့ကိုမှ မကြောက်ဘူးဟု စိန်ခေါ်သည့် စစ်တပ်သတင်းပေး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကိုမှ မကြောက်ဘူးလို့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်သတင်းပေးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မိုးကုတ်ဗျူဟာနယ်မြေ၊ ၇ မိုင်ကျေးရွာတိုက်ပွဲမှာ PDF ရဲဘော် ၁၂ ဦး ကျဆုံး

မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာနယ်မြေက ၇ မိုင်ကျေးရွာတိုက်ပွဲမှာ မိုးကုတ်ဗျူဟာက PDF ရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

နှစ်ပေါင်း ၃၀ နီးပါး စစ်တပ် တပ်စွဲထားသည့် ဘောတိစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိ

ထားဝယ်မြို့နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်ရှိ စစ်အုပ်စုရဲ့ ဘောတိစခန်း (ခေါ်) ပွိုင့် ၂၅၆၆ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၁၀ ရက် ဒီနေ့မနက် ၁၀ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Force For Federal Democracy - FFD တပ်ဖွဲ့ဆီက သိရပါတယ်။