ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲစခန်းကို မတ်လ ၁၂ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖထံက သိရပါတယ်။

တိုက်ပွဲ ၂ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး ရဲစခန်းကို လက်နက်ကြီး ထိမှန် မီးလောင်ပြာကျခဲ့ကာ စစ်ကောင်စီတပ်သား ၁၅ ယောက် သေခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေထံက လက်နက်တွေ ကောက်ယူဖို့ ကြိုးစားခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်က တပ်ကူတွေ ‌ရောက်ရှိလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ခွဲ (၁)၊ တပ်ခွဲ (၂)၊ ရွှေတန်းမြေနဲ့ တပ်ခွဲ (၃) မိုးညို တပ်ဖွဲ့တို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာနမခဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းက အကြမ်းဖက်စစ်တပ် တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို အောက်တိုဘာ ၁၀ ရက်က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်သံပြာကာ ယာဉ် ၄ စီးကို တိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်-ရေစကြိုလမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ အဆောက်အအုံကို လက်နက်ကြီးနဲ့ ပစ်ခတ်မှု ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်-ရေစကြိုလမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ ၃ ထပ်အ ဆောက်အအုံကို စက်တင်ဘာ ၁၀ ရက်က Anyar Heroes လက်နက်ကြီးအဖွဲ့က ထုတ်လုပ်ထားတဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ၃ ထပ်အဆောက်အအုံကို ထိမှန်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား ၂ ယောက် အပြင်းအထန်ရရှိသွားတယ်လို့ မြိုင်ပကဖမှ ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘို-ရေဦးလမ်း ကျွန်းခြံနှင့် ဥသျှစ်ကန်သုဿန်မှာ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ရေဦးလမ်း ကျွန်းခြံအတွင်းနဲ့ ဥသျှစ်ကန်သုဿန်သို့ ရောက်ရှိ လာတဲ့ ပန်းရံပျူ၊ ခွန်းတောင်ကြီးပျူ၊ ဇီးကုန်းလေးပျူ၊ ဇီးကုန်ကြီးပျူနဲ့ အကြမ်းဖက်စစ်သား ပူးပေါင်းအင်အားကို မတ်လ ၂၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာခရိုင်တပ်ရင်း (၄) အတွက် Federal Wings အဖွဲ့ရဲ့ နည်းပညာနဲ့ ကျည်ကာပြားတွေ ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

မုံရွာခရိုင် အမှတ် ၄ တပ်ရင်း (Chindwin Attack Force) အထူးကွန်မန်ဒိုတပ်ဖွဲ့အတွက် Federal Wings အဖွဲ့ရဲ့ နည်းပညာနဲ့ ကျည်ကာတွေ ထုတ်လုပ်အောင်မြင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ် ကော်ကန့်ရွာစာသင်ကျောင်းကို စစ်တပ်လေကြောင်းမှ ဗုံးကြဲချ (ရုပ်/သံ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော်ကန့်ရွာစာသင်ကျောင်းကို ဖေဖော်ဝါရီ ၁၃ ရက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။