ရှမ်းနဲ့ ကရင်နီအစပ် ဖယ်ခုံမြို့နယ်မှာ ကျောင်းထိုင်ဘုန်းကြီး ၁ပါးနဲ့ အမျိုးသား ၁ ယောက် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းဖော်ထုတ်သွားမယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ (၁၀၀၆ တပ်ရင်း) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းကျေးရွာ (ဖယ်ခုံမြို့- ရှမ်းဘုန်းကြီးကျောင်း) က ကျောင်းထိုင်ဘုန်းကြီး နဲ့ ကပ္ပိယဖြစ်သူတို့ကို မတ်လ ၄ရက် ညနေပိုင်းမှာ လက်နက်ကိုင်လူတစ်စုက ဘုန်းကြီးကျောင်းထဲအထိ ဝင်ရောက် ပစ်ခတ်လုပ်ကြံသွားခဲ့တယ်လို့ သိရပါတယ်။

အထက်ပါ ဘုန်းကြီးနဲ့ ကပ္ပိယဖြစ်သူတို့ လုပ်ကြံခံရမှုဖြစ်စဥ်အပေါ် စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာတော့ ကယန်း PDF တပ်ဖွဲ့ဝင်တွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး တော်လှန်ရေးတပ်တွေအပေါ် ဘာသာရေးအခြေပြု မှိုင်းတိုက်တဲ့ပုံစံမျိုးနဲ့ ဖော်ပြနေတာ ဖြစ်ပါတယ်။

ပစ်ခတ်လုပ်ကြံခံရသည့် ကျောင်းထိုင် ဘုန်းကြီး

ဒီအပေါ် ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) ကတော့ အခုလို နိုင်ထက်စီးနင်းတဲ့ လုပ်ရပ်တွေကို တပ်ရင်းတစ်ခုလုံးက လုပ်ဆောင်ခြင်းမရှိကြောင်းနဲ့ တပ်ရင်း စိုးမိုးနယ်မြေအတွင်း ဖြစ်ပွားခဲ့တာကြောင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဖော်ထုတ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

“လက်သည်ပေါ်ရင် ရှင်းပါပြီ။ ကျန်တာက ဖြေရှင်းလို့အဆင်ပြေသွားမှာပါ။ လူထုနဲ့တပ်ဖွဲ့အကြားမှိုင်းတိုက်ရအောင်လည်း အဲ့လောက်ထိ ကွဲပြားဖို့မလွယ်ပါဘူး။ ပြောရရင် ဒီဆရာတော်ကို ကျနော်တို့တပ်ရင်းအနေနဲ့ သိကျွမ်းတာမျိုးမရှိဘူး။ ကောင်းသတင်း မကောင်းသတင်း ဆိုတာမျိုးတွေလည်း မကြားဖူးပါ။ အခုဖြစ်စဥ်ဖြစ်မှပဲ သိရတဲ့အနေအထားမျိုးပါ။ အမှုမှန်ပေါ်ဖို့ မြေပြင်က ပအဖ ပလဖ တွေနဲ့အတူ ဖော်ထုတ်သွားမှာပါ။” လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ (၁၀၀၆ တပ်ရင်း) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် အခုလို မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးမှာ တပ်ရင်းနဲ့ လူထုအကြား သဘောထားကွဲလွဲစေဖို့ လုပ်ဆောင်တဲ့ သွေးခွဲအကြောင်းအရင်းတွေကို လက်သင့်ခံမှာ မဟုတ်ဘူးလို့လည်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ (၁၀၀၆ တပ်ရင်း) က သတင်းထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

ကလေးငယ်များအပါအဝင် အရပ်သား ၂၂ ဦး သေဆုံးခဲ့သည့် ဒီပဲယင်းမြို့နယ် စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီက ဆင့်ပွားပေါက်ကွဲသည့် ဗုံးများ အသုံးပြုခဲ့…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၂၂ ဦး သေဆုံးပြီး စစ်ကောင်စီက ဆင့်ပွားပေါက်ကွဲတဲ့ ဗုံးတွေ အသုံးပြုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့အတွက် ကျေးရွာလူထုက တပ်ရိက္ခာ ဟင်းသီးဟင်းရွက်တွေ ကူညီထောက်ပံ့ လှူဒါန်း… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်း အခြေစိုက်ကာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF) က တော်လှန်ရဲဘော်တွေအတွက် ကျေးရွာလူထုက တပ်ရိက္ခာ ဟင်းသီးဟင်းရွက်တွေ ကူညီထောက်ပံ့ လှူဒါန်းပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကော့ကရိတ်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ ကနဲလေး တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့အနီးတစ်ဝိုက်ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၇.၇အဆင့်နှင့် ၆.၄ အဆင့်ရှိ အင်အားပြင်း ငလျင် ၂ ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိလေ့လာရေး အသင်း ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ဒီနေ့ နေလယ် ၁၂ နာရီ ၅၀ မိနစ်အချိန်မှာ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိလေ့လာရေး အသင်း (USGS) က ထုတ်ပြန်ထားပါတယ်။
Read More

ဆန္ဒပြပြည်သူကို တူမီးဖြင့် ကာကွယ်ပေးခဲ့သည့် ချင်းတော်လှန်ရေးတပ်များ အချင်းချင်း လက်တွဲပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းဒေသကို လက်တွဲထူထောင်နိုင်ဖို့ မျှော်လင့်ကြောင်း NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီနေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ချင်းလူထုကို ဦးဆောင်နေတဲ့ ချင်းတော်လှန်ရေးတပ်တွေ အချင်းချင်း ဆွေးနွေးညှိနှိုင်းတိုင်ပင်ကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင်ဖို့ မျှော်လင့်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။