စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက မြို့တွေမှာ လေကြောင်းရန်ကာကွယ်ရေးအတွက် ကြိုတင်ပြီး ဗုံးခိုကျင်းတွေ တူးထားကြဖို့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ယင်းမာပင်ခရိုင်ထဲမှာ ကနီ၊ ပုလဲ၊ ဆားလင်းကြီးနဲ့ ယင်းမာပင် ၄ မြို့နယ်ပါရှိပြီး မြို့နယ်တစ်ခုစီတိုင်းမှာ ရပ်ကျေးအဆင့်၊ တိုက်နယ်အဆင့်ကစလို့ အဆင့်ဆင့် သတိပေးချက်တွေကို ထုတ်ပြန်လိုက်တာပါ။

‘အဲဒီဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေ အများဆုံးထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ် အချိန်မရွေးကျရောက်လာနိုင်တာကြောင့် အထူးသတိပြုနေထိုင်ဖို့လည်း ပြည်သူတွေကို တိုက်တွန်းပြောဆိုထားပါတယ်။

ယင်းမာပင်ခရိုင်ဟာ  အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အနီးစပ်ဆုံး တည်ရှိနေပြီး ခရိုင်အတွင်း စစ်ကောင်စီ တပ်စွဲရာ အောင်ဇေယျတပ်ကုန်းနဲ့ တရုတ်-ဝမ်ပေါင်ကုမ္ပဏီတို့လည်း ရှိနေပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ယင်းမာပင်ခရိုင် မြို့နယ် ၄ ခုမှာ စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Mi-35 ၊ Y-12 လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ၁၂၇ ကြိမ်ခန့် ပြုလုပ်ခဲ့ကာ အရပ်သားအများအပြား ထိခိုက်သေဆုံးခဲ့ရပါတယ်။

0 Shares:
You May Also Like
Read More

KNU ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ KMU ရဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနားကို KNU ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ KNU ဗဟိုက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပြိုကျပျက်စီးသွားတဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်းမှ မြေးအဖွား ၃ ဦး အသက်ရှင်

ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် မန္တလေးမြို့မှာရှိတဲ့ Sky Villa ကွန်ဒို ပြိုကျခဲ့မှုအတွင်း မြေးအဖွား ၃ ဦးကို အသက်ရှင်လျက်ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်

NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းက ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

အင်းလေး PDF က တောင်ရိုး အမျိုးသားများ၏ (၁၆)ကြိမ်မြောက်အမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်…

မတ်လ(၁)ရက်၊ တပေါင်းလဆန်း(၃)ရက် ဒီနေ့မှာ ကျရောက်တဲ့ တောင်ရိုး အမျိုးသားတွေရဲ့ (၁၆) ကြိမ်မြောက်အမျိုးသားနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊အမှတ်(၁၀၀၉)တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တောင်ရိုးအမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး ကလေးငယ်တွေ အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Mon Liberation Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆိပ်ဖြူ ကပစ – ၂၂ မှ တက်လာသည့် စက်တပ်လေထီး ၂ စီးကို ပကဖ ပစ်ခတ်တိုက်ခိုက်၊ စက်တပ်လေထီး မောင်းသူ ၁ ဦး ပေါင်ကို ကျည်ထိမှန်ပြီး ဖြတ်တောက်ခံရနိုင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ - ၂၂)က တက်လာတဲ့ စက်တပ်လေထီး Paramotor ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။