စစ်ကိုင်း တပ်မ ၃၃ ကနေ အကြမ်းဖက်စစ်တပ်ယာဉ်တန်း လုံခြုံရေးယူပြီး မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ အက်ဆစ်တင်ယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 Peoples Defense Force အဖွဲ့ထံက သိရပါတယ်။

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ထွက်လာတဲ့ အဲဒီယာဉ်တန်းထဲက ကြေးနီချက်ရာမှာ အသုံးပြုတဲ့ အက်ဆစ်တင်ယာဉ်ကို လမ်းပိုင်းကင်း‌ထောက်တွေရဲ့ သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက ချောင်းဦး-မုံရွာလမ်းပိုင်းတစ်နေရာမှာ ထိထိမိမိ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရတဲ့ ယာဉ်ဟာ မီတာ ၅၀ အကွာမှာ ရပ်တန့်သွားခဲ့ပြီးနောက် ကားပေါ်မှာပါတဲ့ အက်ဆစ်ကန်ပေါက်ကာ ကားလမ်းတလျှောက် အက်ဆစ်များ ယိုကျလျက် ဆက်လက်မောင်းနှင်သွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း လမ်းပိုင်းလုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေက မိုင်းဆွဲရဲဘော်တွေကို လိုက်လံပစ်ခတ်တဲ့အတွက် အသက်လုပြီး ကျည်လွတ်ရာသို့ ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါ တယ်။

အဲဒီစစ်ဆင်ရေးကို မုံရွာမြို့နယ် ပကဖ ဖောက်ခွဲရေးအဖွဲ့နဲ့အတူ  Area71 PDF Monywa အဖွဲ့၊ နယ်စည်းမခြား လက်နက်ကြီးတပ်ဖွဲ့၊ ကမျဉ်းမနီ (K.M.N) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘို-မန္တလေးကားလမ်းမှာ ကင်းထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီး လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ရွှေဘို-မန္တလေးကားလမ်းမှာ ကင်းထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Fight For Freedom က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကျင်းပ (ရုပ်/သံ)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA တည်ထောင်ခြင်း ၄ ပြည့်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို ယနေ့ မတ်လ ၁၅ ရက်က လွတ်မြောက်ဒေသတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ သိရ ပါတယ်။
Read More

မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများအတွက် လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုတ်ထဲမှာ စပါးခွံနဲ့ သဲများသာ ပါဝင် (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများအတွက် လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုတ်ကို တော်လှန်ရေးရဲဘော်များက သိမ်းဆည်းရရှိပြီး ကြည့်ရှုစစ်ဆေးနေတဲ့ ရုပ်သံဖိုင်တစ်ခု Chin Defence Force - Mindatမှ ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုနဲ့ ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်းတို့ ပူးပေါင်းပြီး”အကြီးဖြိုဖို့ အသီးလိုတယ်”ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုနဲ့ ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်းတို့ ပူးပေါင်းပြီး ''အကြီးဖြိုဖို့ အသီးလိုတယ်''ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် မိုးဗြဲ Local PDF ရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေတဲ့ ရဲဘော်တွေရဲ့ တိုက်ပွဲဝင် မှတ်တမ်းရုပ်သံကို မိုးဗြဲ Local PDF က မနေ့က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

KIA သိမ်းပိုက်ထားတဲ့ လန်ဆယ်ဒေသကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းစစ်ကြောင်းထိုးလာ (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တွေ စက်တင်ဘာ ၁၉ ရက်က စတင်ပြီး စစ်ကြောင်းထိုးလျက်ရှိရာ KIA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။