ကရင်နီဒေသထဲမှာ ဖြတ်သန်းသွားလာနိုင်ဖို့ ခရီးသွားလာခွင့်ကတ်ရှိဖို့ လိုအပ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်လိုက်ပါတယ်။

ကရင်နီဒေသထဲမှာ တစ်နေရာကနေ တစ်နေရာသွားလာနိုင်ဖို့အတွက်  ပြည်နယ်ခြား ဖြတ်သန်းခွင့်ရှိဖို့ လိုအပ်တာကြောင့်  IEC ရဲ့ ပြည်ထဲရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးသွားမယ်လို့ ဖေဖော်ဝါရီလ ၁၁ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက်တာပါ။

ကရင်နီပြည်နယ်အတွင်း လုံလုံခြုံခြုံနဲ့ သွားလာဝင်ထွက်လို့ရအောင် ဆိုတဲ့ အစီအမံကို အခြေခံပြီး ပြည်နယ်ထဲ လာရောက်သူတွေအနေနဲ့ ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်ကို လွှဲပြောင်းကိုင်ဆောင်တာ လုပ်ခွင့်မရှိသလို ကတ်မရှိဘဲ ပြည်နယ်အတွင်း သွားလာခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

တော်လှန်ရေးကာလအတွင်း ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ဆောင်ရွက်မှုနဲ့အတူ ဆက်လက်ဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေလည်းရှိသေးကြောင်း  သိရပါတယ်။

ကရင်နီပြည်နယ်အတွင်း သွားလာခွင့်ကတ်ကို တာဝန်ရှိသူတွေ စစ်ဆေးရင် ပြသရမှာဖြစ်ပြီး ပြည်နယ်အတွင်းကနေ ပြန်လည်ထွက်ခွါချိန်မှာလည်း ပြန်လည်အပ်နှံဖို့ အပါအဝင် အချက် ၇ ချက်ကို ကတ်နောက်ကျောမှာ ရေးသားဖော်ပြထားပါတယ်။ 

ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်အပြင် ပြည်နယ်တွင်း တော်လှန်ရေးလုပ်ငန်းတွေမှာ လက်တွဲလုပ်ကိုင်သူတွေအပါအဝင် နေထိုင်နေသူအတွက်ကို နေထိုင်ခွင့်ကတ်ပြားတွေ ထုတ်ပေးသွားဖို့ အစီအစဉ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုက ပျူစခန်းတွေကို ၅ ရက်တာ ဒရုန်းမစ်ရှင်နဲ့ တိုက်ခိုက်

စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ ပျူစောထီးစခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ၅ ရက်တာ ဒရုန်းမစ်ရှင်ဖော်ဆောင်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ကျင်းပတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး ၁ ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အနီးမှာ မတောင့်တကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်မင်းထက်ဆိုသူ ဦးဆောင်ပြီး ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် ပစ်ခတ်ရာ အောင်မင်းထက်ကတော့ နေရာမှာတင် သေဆုံးသွားတယ်လို့  ၃၈၀၂ တပ်ရင်းထံက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်မှ ကျောက်မဲမြို့နယ်သို့် ရောက်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူများအတွက် SSPP/SSA မှ စားနပ် ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ နယ်ကနေ ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု တောင်ခြေကျေးရွာကို ရောက်ရှိ လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှု အကူအညီတွေ ပေးဖို့လည်း လုပ်ဆောင်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဂျင်တီးနား ဖမ်း၀ရမ်းကို အင်တာပိုလ်ကတဆင့် အကောင်အထည်ဖော်ပေးဖို့ Blood Money Campaign က တောင်းဆို

အာဏာသိမ်းစစ်ခေါင်းဆောင် နဲ့ လူပုဂ္ဂိုလ် ၂၅ ဦးကို  အင်တာပိုလ်မှတဆင့် ဖမ်းဆီးမိန့်များထုတ်ပြန်ပေးဖို့ အာဂျင်တီးနားအစိုးရကို Blood Money Campaign - BMC က တိုက်တွန်းလိုက်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ထိုင်းကုန်ပစ္စည်းဖမ်းဆီးမှုတွေကြောင့် ပစ္စည်းအဝယ်ပါးကာ ကုန်ကားသမားတွေ အရှုံးပေါ်နေ…

အကြမ်းဖက်စစ်ကောင်စီကနေ အခုရက်ပိုင်းအတွင်းမှာ အခွန်မဲ့ ထိုင်းကုန်ပစ္စည်းတွေကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးလာတာကြောင့် ကုန်သည်တွေက ပစ္စည်းအဝယ်ပါးကာ ကုန်တင်ကားလုပ်ငန်း လုပ်ကိုင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။