အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ မ​ကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ခံတို့က မ​ကွေးတိုင်းအတွင်းရှိပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို သွားရောက် ​တွေ့ဆုံ အား​ပေးစကား​ပြောကြားခဲ့တယ်လို့ ပကဖအသံက သတင်းထုတ်ပြန်ထားပါတယ်။

NUG ရဲ့ တာဝန်ရှိသူအသီးသီးက ​မြေပြင်မှာ ပြည်သူနဲ့ တသားတည်း ရှိ​နေပြီး လူထုစည်းရုံး​ရေး၊ ​တော်လှန်​ရေး တာဝန်တွေကို ထမ်း​ဆောင်​နေတယ်လို့လည်း ပကဖ အသံက ဆိုပါတယ်။

ဒါ့အပြင် NUG အစိုးရအဖွဲ့အနေနဲ့ လိုအပ်တဲ့ ထိန်း​ကျောင်း လမ်းညွှန်မှု​တွေကိုလည်း ဥပ​ဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်​ဆောင်​နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာစစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်မှု ဂုဏ်သိက္ခာကင်းမဲ့တဲ့ တိုက်ခိုက်မှုဟု MDY-PDF ရှုတ်ချ

မန္တလေးတိုင်း၊ မတ္တရာမြို့က စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဟာ ဂုဏ်သိက္ခာကင်းမဲ့တဲ့ စစ်ရာဇဝတ်မှုကိုပြောင်‌ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း မန္တလေး PDF က မနေ့က အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပွင့်လင်းရာသီ ပွဲတော်ကာလတွေမှာ လေကြောင်းအန္တရာယ်ရှိနေလို့ ပွဲတော်တွေမပြုလုပ်ဖို့ AA ကသတိပေး

မကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်ကာလတွေမှာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်း အန္တရာယ်ရှိနေလို့ လူစုလူဝေးနဲ့ ပွဲလန်းသဘင်တွေ မပြုလုပ်ဖို့ အာရက္ခတပ်တော် AA က သတိပေးတိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ရမည်းသင်းမှာ သန်းခေါင်စာရင်းကောက်ဖို့ ရှေ့ပြေးကင်းထွက်တဲ့ စစ်ကောင်စီတပ်သား​တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံး…

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ ရှေ့ပြေးထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့ သတင်းတာဝန်ခံ ရဲဘော် ကြက်ဖ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဘုရားသုံးဆူမြို့မှာ ကျားဖြန့်တွေ ခြေမချနိုင်ရေးအတွက် တရုတ်နိုင်ငံသားတွေ ထွက်ခွာဖို့  DKBA သတိပေး

ထိုင်း- မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်မှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဖေဖော်ဝါရီလကုန်ကို နောက်ဆုံးထားပြီး ထွက်ခွါသွားဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ အမှတ်(၂) နည်းဗျူဟာက  ထုတ်ပြန်လိုက်ပါတယ်။
Read More

လေးမျက်နှာမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ရက္ခိုင့်တပ်တော် AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။