ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက သမိုင်းဝင် ခြံအမှတ် (၅၄) နေအိမ်ကို တတိယအကြိမ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရားရုံးက လေလံတင်ရောင်းချခဲ့ပေမယ့် ဝယ်ယူမယ့်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။

တတိယအကြိမ် လေလံပွဲအဖြစ် နေအိမ်ခြံအမှတ် ၅၄ကို ကျပ် ၂၉၇ ဘီလီယံနဲ့ ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်၊ မနက် ၁၀ နာရီကျော်လောက်မှာ ရောင်းချခဲ့တာဖြစ်ပြီး ဝယ်ယူမယ့်သူ ထွက်ပေါ်မလာခဲ့ပါဘူး။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင် ဒေါ်ခင်ကြည်ပိုင်ဆိုင်တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ် (၅၄) နေအိမ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း လေလံကြမ်းခင်းဈေးအဖြစ် ကျပ်ငွေ ဘီလျံ ၃၀၀ နဲ့ ဒုတိယအကြိမ် လေလံတင်ရောင်းချခဲ့တုန်းကလည်း လေလံဆွဲမယ့်သူ မရှိခဲ့ပါဘူး။

ပထမဆုံးအကြိမ် လေလံတင်ရောင်းချပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်က အဆိုပါခြံရှေ့မှာ ပြုလုပ်ခဲ့ပြီး လေလံဆွဲမယ့်သူမရှိတာကြောင့် လေလံပွဲ အောင်မြင်ခြင်းမရှိဘဲ ရုပ်သိမ်းခဲ့ရပါတယ်။

ခြံအမှတ် ၅၄ ရဲ့ ဧရိယာအကျယ်အဝန်းမှာ ၁ ဒဿမ  ၉၂၃ ဧကကျယ်ဝန်းပြီး စတုရန်း ပေ ၈၃၇၆၅ ဒဿမ ၈၈ ပေရှိတာ ဖြစ်ပါတယ်။

အဆိုပါ ခြံအမှတ် (၅၄) ဟာ ဒေါ်ခင်ကြည်အမည်ပေါက်ပိုင်ဆိုင်ပြီး ခြံကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက အမွေခွဲဝေဖို့ လျှောက်ထားမှုအပေါ် ၂၀၁၆ ခုနှစ်မှာ  ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ထပ်တိုက်နဲ့ မြေတစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်၊ တစ်ထပ်တိုက်နဲ့ ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦး အသီးသီး ခွဲဝေရယူဖို့ ကနဦး အမိန့်ချမှတ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာ ဦးအောင်ဆန်းဦးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အထူးအယူခံ ဆက်လက်လျှောက်ထားခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခြံအမှတ် ၅၄ နဲ့ ပတ်သက်လို့ အမွေခွဲဝေမှုကို ဦးအောင်ဆန်းဦး တောင်းဆိုတဲ့အတိုင်း ခွင့်ပြုတယ်လို့ဆိုပါတယ်။

အဲဒီကာလမှဦ စစ်တပ်က နိုင်ငံကို အာဏာသိမ်းထားပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားတဲ့ ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ခြံအမှတ် (၅၄) ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရားရုံးက လေလံတင် ရောင်းချမှု ၃ ကြိမ်အထိ ရှိခဲ့ပြီး လေလံဆွဲဝယ်ယူမယ့်သူ မပေါ်ထွက်လာသေးပါဘူး။

0 Shares:
You May Also Like
Read More

ညီနောင်မဟာမိတ် ၃ ဖွဲ့ ငလျင်ကယ်ဆယ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးကာလ ၁ လ ဒုတိယအကြိမ် ထပ်မံသက်တမ်းတိုး

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA ၊ ရက္ခိုင့်တပ်တော် AA နဲ့ တအာင်းတပ်မတော် TNLA တို့ဟာ အပစ်အခတ်ရပ်စဲရေးကာလကို ၁ လ ထပ်မံ သက်တမ်းတိုးကြောင်း မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

မတ္တရာမှာ စစ်ကောင်စီတပ်ဆီ လက်လွှတ်ခဲ့ရတဲ့ စစ်တပ်စခန်းတချို့ကို MDY-PDF ပြန်လည်သိမ်းပိုက်ထား

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးမှ ပြန်လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရာ ကျေးရွာ ၃ ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့နိုင်ငံရေးပြဿနာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မပြေလည်နိုင်၊ ပဋိပက္ခများ ပိုတိုးလာနိုင်သည့် ရွေးကောက်ပွဲ လုံးဝ အသိအမှတ်မပြုကြောင်း NLD ထုတ်ပြန်…

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဖြစ်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရင် ပြေလည်မှာ မဟုတ်ဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန်ဖန်းရွာမှ အလင်း၀င်လာတဲ့ ပြည်သူ့စစ် ၁၀၀ကျော်ကို KIA ကဂုဏ်ပြု

ကချင်ပြည်နယ် ဖီမော်မြို့၊ ကန်ဖန်းရွာမှ KIA နဲ့ ပူးပေါင်းပြီးအလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဂုဏ်ပြု ကြိုဆိုခဲ့တယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ထိုင်းကုန်စည်တွေ စျေးကွက်အတွင်း ပြတ်လတ်ပြီး စျေးတက်နေ

စစ်ကောင်စီက ကုန်သည်တွေကို တရားမ၀င်ကုန်စည်တင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအရေးယူနေလို ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းအချို ပြတ်လပ်နေတယ်လို ရန်ကုန်မြိုခံတွေက ပြောပါတယ်။
Read More

ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စု ဒရုန်းဗုံးသီးနှင့် ပစ်ခတ်မှု တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံး၊ ဒေသခံတစ်ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ရှပ်ပုံရွာအနီး ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၁ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ဆီက သိရပါတယ်။