ရှမ်းပြည်မြောက်ပိုင်း တအောင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ယနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီ ၂၅ မိနစ်နဲ့ ၁ နာရီ ၂၉ မိနစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLAရဲ့ သတင်းရဲ့ ပြန်ကြားရေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကျောက်မဲဆေးရုံ အနီးတစ်ဝိုက်ကို ကြဲချခဲ့တာဖြစ်ပြီး ဆေးရုံဝန်ထမ်းအပါအဝင် ၂ ယောက်သေဆုံးပြီး ဆေးကုသနေတဲ့ လူနာတွေအပါအဝင် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

ဆေးရုံရဲ့ ကလေးကုသဆောင်၊ အရေးပေါ်ဆောင်၊ လူနာလက်ခံဆောင်နဲ့ ဆေးရုံတစ်ခုလုံးနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Video-Lao Dai Noom SP

0 Shares:
You May Also Like
Read More

ဖမ်းမိထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်သုံ့ပန်းများ သူတို့၏ တရားမဲ့လုပ်ရပ်များအတွက် နောင်တရနေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ စစ်သုံ့ပန်းတွေဟာ တရားမဲ့လုပ်ရပ်တွေအတွက် နောင်တရနေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။
Read More

အရာတော်မြို့အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ ၂ ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ ၂ ရက် ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-ကျောက္ကာလမ်းကြောသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တွေ ၁၅ ရက်ကြာ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-ကျောက္ကာလမ်းကြောကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဇန်နဝါရီ ၅ ရက်ကနေ ၁၉ ရက်အထိ ၁၅ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ  မြို့နယ်ထောက်ပို့တာဝန်ခံ ရဲဘော်မှန်လေးရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲဘော်များ နှစ်သစ်အတွက် မိဘပြည်သူများကို ဆုမွန်ကောင်းအမှာစကား ပြောကြား (ရုပ်/သံ)

အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေက ၂၀၂၅ နှစ်သစ်အတွက် မိဘပြည်သူတွေကို ဆုမွန်ကောင်းအမှာစကား ပြောကြားခဲ့ကြပါတယ်။
Read More

အမ်း နပခ မှာ လက်နက်ချတဲ့ စစ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ AA ကယ်ထုတ် (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)မှာ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ ကယ်ထုတ်နေတဲ့ ရုပ်သံဖိုင်ကို အာရက္ခတပ်တော် AA က ထုတ်ပြန်လိုက်ပါတယ်။