လက်ရှိ တိုင်းပြည်အနေနဲ့ တည်ငြိမ်အေးချမ်းမှု မရှိခြင်းဟာ ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။ 

မင်းအောင်လှိုင်က ဒီနေ့ (ဇန်နဝါရီလ ၁၅) မှာ ကျရောက်တဲ့ ကရင်နီပြည်နယ်နေ့ အခမ်းအနားရဲ့သဝဏ်လွှာမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

သဝဏ်လွှာထဲမှာ ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေ၊ မဟုတ်မမှန်လုပ်ကြံသတင်းတွေနဲ့  NUG ၊ CRPH၊ PDF တွေကြောင့်  ဒေသတချို့မှာရှိတဲ့  ပြည်သူလူထုအကြား အသိအမြင်တွေမှားပြီး ညီညွတ်မှုပြိုကွဲသွားရခြင်း ဖြစ်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့လို့ လက်ရှိတိုင်းပြည်ရဲ့အခြေအနေ ယိုယွင်းနေမှုကို အာဏာသိမ်းစစ်ခေါင်းဆောင်က ဘယ်သောအခါမှ ဝန်ခံခြင်းမရှိဘဲ အထိမ်းအမှတ်နေ့တွေ၊ အခမ်းအနားတွေရဲ့ မိန့်ခွန်းတွေမှာ မင်းအောင်လှိုင်က တော်လှန်ရေးအင်အားစုတွေကိုသာ အပြစ်ပုံချ ပြောဆိုလေ့ရှိနေတာပါ။

ဒီမိုကရေစီနစ်ကို ကျင့်သုံးကာကွယ်နေတဲ့ ပြည်ပနိုင်ငံတချို့က လက်နက်ကိုင် တိုက်ခိုက်မှုတွေကို အားပေးအားမြှောက်ပြုလုပ်နေတယ်လို့ မင်းအောင်လှိုင်က ပြောပေမယ့် ဘယ်နိုင်ငံဆိုတာကိုတော့ တိုက်ရိုက် ရည်ညွှန်းပြောဆိုသွားခြင်း မရှိပါဘူး။

အဲဒီသဝဏ်လွှာထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကရင်နီပြည်ထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို အကြမ်းဖက်လို့ သုံးနှုန်းပြောဆိုထားပြီး KNDF နဲ့ PDF ကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ  စစ်ကောင်စီက သုံးနှုန်းခေါ်ဝေါ်တဲ့ ကယားပြည်နယ်နေ့ အခမ်းအနားကို  အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းကလည်း ရောက်ရှိနေတာဖြစ်ပါတယ်။ 

ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ ညစာစားပွဲပြုလုပ်မယ့် ပြည်နယ်ခန်းမကို ရှော့တိုက်ဒုံး ၅ လုံး၊ လွိုင်ကော် အခြေစိုက် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) ကို ရှော့တိုက်ဒုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဇန်နဝါရီလ ၁၅ ရက် မနက်ပိုင်းမှာ Brave Warriors for Myanmar (BWM) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အဓမ္မ စစ်မှုထမ်းခိုင်းခံရတဲ့ စစ်ကောင်စီတပ်သားတစ်ယောက် Loikaw Local PDF ဆီ လက်နက်ခဲယမ်းနဲ့ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Loikaw Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ၁ရက်အတွင်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကောင်စီရဲ့ တောင်ငူလေတပ် (ကေတုမတီလေတပ်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တစ်ရက်အတွင်း ၂ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။ 
Read More

ပျူစောထီးအခြေစိုက် ကင်းမွန်တောရွာကို လေးဘက်လေးလံမှ အဝေးပစ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ ပျူစောထီးအခြေစိုက်ရွာကို အဝေးပစ်လက်နက်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိကြောင်း Monywa Inventor တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က မောင်းကို ပြောပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

ငလျင်ဒဏ် အကြီးအကျယ်ခံထားရတဲ့ မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးသည်းထန်စွာရွာပြီး လေပြင်းများတိုက်ခတ်

ငလျင်ဒဏ် အကြီးအကျယ်ခံထားရတဲ့ မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးသည်းထန်စွာရွာပြီး လေပြင်းများ တိုက်ခတ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်ထံမှ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၇၀ ဦး ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇွန်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဆီက အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၇၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။