ချင်းကာကွယ်ရေးတပ် – အရွို (CDF -Asho) က ရဲဘော်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဇန္နဝါရီလ ( ၁၀ ) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
“ငါ၏ အသွေးတစ်စက် အသားတစ္စ ကျန်သည်အထိ ဘုံရန်သူကို ချေမှုန်းတိုက်ခိုက်ပြီး တော်လှန်ရေးနှင့် ပြည်သူလူထုအပေါ် ဘယ်သောအခါမှ သစ္စာမဖေါက်ပါ။ မိမိ ကိုင်ဆောင်သော လ_က်နက်ဖြင့်လည်း မိမိ ကိုယ်ကျိုးစီးပွားအတွက် အသုံးမပြုပါ။” ဆိုပြီး ရဲဘော်သစ်တွေက ကျမ်းကျိန်ဆိုခဲ့တယ်လို့ ဆိုပါတယ်။
” ဤသစ္စာ ဖေါက်ဖျက်ပါက ကုန်းသွားကုန်းဘေး၊ ရေသွားရေဘေး၊ လေသွားလေဘေး သွားလေရာ ဘဝတစ်လျှောက်လုံး ဘေးတွေ့ပါစေ၊ သွေးပွက်ပွက်အန်၍ သေပါစေဟု ချင်းအမျိုးသားအလံတော်နှင့် ချင်းကာကွယ်ရေးတပ် – အရှို ရဲဘော်များရှေ့တွင် ကျမ်းသစ္စာကျိန်ဆို၍ ဤသစ္စာရေအား သောက်သုံးပါသည်။ ” လို့ ရဲဘော်သစ်တွေက ဆက်ပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့တယ်လို့ CDF – Asho က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက်စစ်တပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၁) ဦး သေဆုံး၊ (၃) ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေကြောင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းရဲစခန်းမှ နိုင်ကျဥ်း ၁၃ ဦး လွတ်မြောက်မှုအတွက် ရဲတပ်ကြပ် ၂ ဦးကို အချုပ်ခန်းထဲမှာ စစ်ဆေးရင်း သေဆုံးသွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ယောက် ထွက်ပြေးလွတ်မြောက်သွားမှုနဲ့ ပတ်သက်ပြီး အဆိုပါရဲစခန်းက ရဲတပ်ကြပ် ၂ ယောက်ကို ဇွန်လ ၁၈ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
Read More

ဒေသစွဲ စိတ်ကိုဖျောက်ပြီး နိုင်ငံရဲ့ ဘယ်နေရာမှာမဆို တော်လှန်ရေးအတွက် ထမ်းဆောင်ဖို့ အသင့်ရှိရမယ်လို့  NUG ယာယီသမ္မတ ပြော

တစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့  မိမိတို့ဒေသ စွဲစိတ်ကို ဖျောက်ပြီး နိုင်ငံရဲ့ ဘယ်နေရာမှာမဆို တာဝန်ထမ်းဆောင်ဖို့ တော်လှန်ရေးတပ်တွေ အသင့်ရှိရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားလိုက်ပါတယ်။
Read More

ရေဦးမှာ ကျားမ ကြီးငယ် မရွေး စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးနေ၊ မြို့ပေါ် လူထက်ဝက်ကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်တွေက လူကြီး၊ လူငယ်မရွေး၊ ယောက်ျား မိန်းမ မရွေး ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ် BGF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ BGF အကြမ်းဖက်စစ်တပ် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွါးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။