မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ လှည့်ကင်းထွက်လာတဲ့ လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းက စစ်ကောင်စီတပ်သား (၆) ယောက်ကို ပစ်ခတ်တိုက်ခိုက်ရာ (၃) ယောက် သေပြီး လက်နက်တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ PRA-Magway က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ (၃)ရက် မနေ့က ညနေပိုင်းမှာ ငဖဲမြို့နယ်၊ မျှော်စင်ရွာအနောက်ဘက်ရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းကနေ ဆိုင်ကယ်နဲ့ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သား(၆) ယောက်ခန့်ကို PRA-Magway တပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃) ယောက် သေပြီး တစ်ယောက် ဒဏ်ရာရကာ စစ်ကောင်စီတပ်သားတွေဆီက MA-3 သေနတ်တစ်လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်ကလည်း ပဒါန်းက တက်လာတဲ့ အင်အား(၁၀၀)ဝန်းကျင်ပါ စစ်ကောင်စီ စစ်ကား(၄)စီးနဲ့ ကားသေးတစ်စီးတို့ကို ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအထက်မှာ မိုင်း(၉)လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားတစ်စီး ပျက်စီးခဲ့သလို ၄ ယောက် သေပြီး ၁၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ (၂၆) ရက်နဲ့ ဒီဇင်ဘာလ (၂၉) ရက်မှာလည်း တိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား(၄) ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ PRA-Magway က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းမှ ဒုတပ်ကြပ် ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Urban Hunter Force - UHF က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၃ဦးသေ၊ ၂ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့နယ်မြေရှင်းလင်းရေးစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ယောက်သေကာ ၂ယောက် အပြင်းအထန် ဒဏ်ရာရသွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နတ်တလင်းမှာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ လယ်မအင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ (နတ်စစ်သည်တပ်ဖွဲ့) ထံက သိရပါတယ်။
Read More

ပအိုဝ်းလက်နက်ကိုင်တပ် PNA ပြည်သူ့စစ်က အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့အတူ တပ်ဖွဲ့ရဲ့ စစ်အင်အား ပြသ (ဓာတ်ပုံသတင်း)

ပအိုဝ်းအမျိုးသားတပ်မတော် - PNA က အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အင်အား နှစ်သောင်းကျော်နဲ့ ပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာလ ၃၀ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီအခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ကော်မတီ ဒုတိယ ဥက္ကဌ ဖြားပီတာထွန်းနိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဦးခွန်နေဝင်းထွန်းနဲ့ ဖြားဗွာခမ်း၊ သူရိယခမ်း၊ စင်းသင်းကောင်ခယ် စတဲ့ အကြီးအကဲတွေက တက်ရောက် အမှာစကားပြောခဲ့တယ်လို့ သိရပါတယ်။
Read More

တိုင်းပြည်တစ်ခုလုံး မငြိမ်သက်အောင် လုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးဟု ပြော

တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း တံခါးဖွင့်ထားသလို ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ခလရ ၂၅၅ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ဦး လက်နက်မဲ့အလင်းဝင်လာ

၏ မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ( ၁၀၁ )လက်အောက်ခံ ခလရ ၂၅၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။