မန္တလေးတိုင်း၊ မြင်းခြံအခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးစေခဲ့တဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။ 

MBT တပ်ဖွဲ့ဝင်တွေဟာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှု (၉) ကြိမ်၊ ခုခံစစ် (၁၁) ကြိမ်၊ မြို့ပြပြောက်ကျား စစ်ဆင်ရေး (၁၁) ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု (၆) ကြိမ်၊ ဒရုန်း စစ်ဆင်ရေး (၅) ၊ စုစုပေါင်း စစ်ဆင်ရေး (၄၂) ကြိမ်ကို ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီစစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်သား (၂၀၀) ကျော် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ လက်နက် ကြီး/ငယ် (၄၂) လက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ ပေးဆပ်ရမှုအနေနဲ့ MBT တပ်ဖွဲ့က ရဲဘော်ကုလားလေးနဲ့ ရဲဘော် ဝဏ္ဏထွန်း တို့ (၂) ယောက် ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

MBT တပ်ဖွဲ့က ပြုလုပ်နေတဲ့ End Point ကမ်ပိန်းဟာလည်း ပြည်သူတွေရဲ့ ထောက်ပံ့မှုကြောင့် ကမ်ပိန်းရည်မှန်းချက်ထက်ကာ ကျော်လွန်ပြီး ၁၀၃ ရာခိုင်းနှုန်းအထိ ရောက်ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ 

မကြာမီကာလအတွင်းမှာ MBT တပ်ဖွဲ့အနေနဲ့ မြို့ပြ စစ်ဆင်ရေးတွေကို ဖော်ဆောင်သွားမှာ ဖြစ်တာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ အတတ်နိုင်ဆုံး အနီးကပ်သွားလာခြင်းတွေကို ရှောင်ကြဉ်ပေးကြဖို့လည်း မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

အလံဖြူထောင်ရင် အသက်အာမခံတယ်ဆိုတဲ့ AA လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ လက်နက်ချ စစ်ကောင်စီတပ်သားတွေကို ကယ်ထုတ်

AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း နပခ စစ်ဌာနချုပ်မှာ လက်နက်ချလာတဲ့ စစ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေကြားထဲကနေ AA တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်နေတဲ့ ရုပ်သံမှတ်တမ်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညဦးပိုင်းမှာ AA က ထုတ်ပြန်လာပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ ကင်း‌စောင့်နေတဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစုက ရဲဘော်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်တောင်ပိုင်းက ရှေ့တန်းစစ်မြေပြင်တစ်ခုမှာ ကင်း‌စောင့်နေတဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - SSLRU က ရဲဘော်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နောင်ချိုရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အတွင်းက ရှဲဆန်သတ္တုကုမ္ပဏီကို ဟန်ပြအပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

မူးယစ်ဆေးစွဲနေသူတွေ MLA ထံ လာရောက်ပြီး မူးယစ်ဆေးဖြတ်နိုင်

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီအနေနဲ့ မူးယစ်ဆေးစွဲနေသူတွေမူးယစ်ဆေးဖြတ်ချင်ရင် သူတို့တပ်ဖွဲ့ထံကိုဆက်သွယ်ပြီး မူးယစ်ဆေးဝါး လာရာက်ဖြတ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေတာရှည်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ နေပြည်တော် PDF က ရဲဘော် ၃ ယောက်ရဲ့ ရက်လည်အခမ်းအနား ပြုလုပ်… (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော် ၃ ယောက်ရဲ့ ရက်လည်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာန ၊ နေပြည်တော်PDF ၊ တပ်ရင်း (၉၀၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ လူငယ်တွေကို VPN အကြောင်းပြပြီး ဖုန်းနဲ့ငွေကြေး လိမ်လည်လုယက်မှုတွေ ဖြစ်ပွားနေ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် လူငယ်တွေ ဖမ်းဆီးခံရမှုတွေ နေ့စဉ်ရှိနေပြီး စစ်တပ်နဲ့ ရဲ ဟန်ဆောင်ကာ ငွေကြေးလုယက်ခံရတာ၊ ဖုန်းလုခံနေရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။