အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ ရှေ့တန်း စစ်စခန်းနဲ့ နောက်တန်းဌာနချုပ်တွေမှာ စတုဒီသာ ကျွေးရင် ခေါက်ဆွဲကြော်ကိုသာ ကျွေးမွေးဖို့ ညွှန်ကြားလာကြောင်း စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အဲဒီညွှန်ကြားချက်ဟာ မန္တလေးက ‘မုဆိုးမတို့ရွာ’ မုန့်ဟင်းခါးဆိုင်ကို စစ်တပ်က ဖျက်ဆီးပြီး ရက်ပိုင်းအတွင်းမှာတင် ထွက်လာတာဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“ ‘မုဆိုးမတို့ရွာ’ ဆိုင်ကို ဖွင့်ပြီး နောက်ပိုင်းမှာတင် မုန့်ဟင်းခါးကို သူတို့ အလဂျစ်ဖြစ်သွားတာ၊ ညွှန်ကြားချက်ကတော့ ကြေးနန်းတွေရော နှုတ်မိန့်နဲ့ပါ ထွက်တယ်၊ ဒါပေမယ့် ဖရဲသီးလုံခြုံရေးအရ ချပြလို့ မရပါဘူး” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

မုန့်ဟင်းခါးဆိုတဲ့ နာမည်ကို ခါးခါးသီးသီး ဖြစ်နေတဲ့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ စစ်သားတွေကို စတုဒီသာ အာဟာရပြုရင်တောင် မုန့်ဟင်းခါးအစား ခေါက်ဆွဲကြော်သာ ကျွေးရမယ်ဆိုတဲ့ ဟာသဆန်ဆန် ညွှန်ကြားချက်ကို စေခိုင်းလာတာ ဖြစ်ပါတယ်။

ဖျက်ဆီးပိတ်သိမ်းခံရသည့် မန္တလေးမြို့က မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်

ပြီးခဲ့တဲ့ ၂၀၂၄၊ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက် (၂) ၊ မနောရမ္မံပန်းခြံရှေ့က ‘မုဆိုးမတို့ရွာ’ မုန့်ဟင်းခါးဆိုင်ကို စစ်ကောင်စီတပ်တွေက လာရောက် ဖျက်ဆီးခဲ့ပါတယ်။

“မုဆိုးမတို့ရွာ” လို့ နာမည်ပေးတာဟာ စစ်ကောင်စီအတွက် တိုက်ပွဲဝင်ရင်း သေဆုံးသွားတဲ့ စစ်သားတွေရဲ့ ဇနီးမယားတွေကို လှောင်ပြောင်တာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆိုင်ကို ဖျက်ဆီးဖို့ စစ်ကောင်စီထောက်ခံသူတွေက တောင်းဆိုခဲ့ပြီးနောက်မှာ ဖျက်ဆီးခံလိုက်ရတာဖြစ်ပါတယ်။

ဒီနှစ်ပိုင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်ကောင်စီတပ်သားတွေ အကျအဆုံးများလာသလို၊ တပ်ရင်းလိုက်ပြုတ်တဲ့ စစ်ပွဲတွေတောင်ရှိလာလို့၊ တချို့တပ်ရင်းတွေမှာ ရက်လည် မုန့်ဟင်းခါး ဆွမ်းသွပ်ပွဲတွေ ဆက်နေတာမျိုးတွေကြောင့်၊ စစ်ကောင်စီ ကိုးကွယ်တဲ့ ဘုန်းကြီးတချို့က “မုဆိုးမတို့ရွာ” ဆိုင်နာမည်ဟာ အတိတ်နမိတ် မကောင်းဘူးဆိုပြီး ပြောကြားမှုတွေ ရှိလာခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အတင်းအဓမ္မ ပိတ်ခိုင်းခဲ့တဲ့ “မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင်ကို ဖွင့်လှစ်ရောင်းချခဲ့သူတွေထဲမှာ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်သားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိန်းမတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

ရှေ့တန်းတွေမှာ စစ်သားတွေ သေဆုံးတာ များလာပေမယ့် ကျန်ရစ်တဲ့ မိသားစုဝင်တွေကို သေဆုံးကြောင်း အသိမပေးတဲ့အပြင် ဝမ်းနည်းခွင့်တောင် မပေးတာကြောင့် မကျေနပ်တာတွေ စုပုံလာပြီး အခုလို ပေါက်ကွဲကုန်တာဖြစ်တယ်လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

“အသေခံပြီးသာ တိုက်သွားရတယ်.. ဘာအကျိုးခံစားခွင့်မှလည်း မရဘူး သတင်းလည်းမရဘူး .. စစ်တပ်မှာက ပေါက်ကွဲလို့မရဘူး ကြေကွဲလို့ပဲ ရတယ်ပေါ့နော် … အခုက ကြေကွဲပြတာကိုတောင် လက်မခံတော့ ပေါက်ကွဲပြတဲ့ အခြေအနေမျိုးထိ ရောက်လာတာပါ… တပ်တွင်းက သူ့ဘာသာသူပဲ ဒုက္ခရောက်သွားပါလိမ့်မယ်” လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် စစ်ကောင်စီတပ်တွေမှာ စစ်သားတွေကို အာဟာရပြု စတုဒီသာ ကျွေးမွေးရင် မုန့်ဟင်းခါးနဲ့ ကြာဇံကြော်ကို အဓိကထားပြီး ကျွေးမွေးခဲ့တာပါ။ နောက်ပိုင်းမှာတော့ စတုဒီသာ ကျွေးမွေးတဲ့အခါ ခေါက်ဆွဲကြော်တွေ မြင်တွေ့ရတော့မယ်လို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

“ခေါက်ဆွဲကြော်ကတော့ တရုတ်အစားအစာမို့လို့လားတော့ မသိဘူးပေါ့နော် (ရယ်လျက်) ခေါက်ဆွဲကြော်‌ ပြောင်းကျွေးဆိုပြီး ရှေ့တန်းစခန်းတွေမှာ နှစ်သစ်ကူးလုပ်တော့ ခေါက်ဆွဲကြော်ကျွေးသွားတာ တွေ့ရတယ်ဗျ… ကြာဇံကျတော့လည်း မကြာချင်လို့လား… မုန့်ဟင်းခါးကျတော့လည်း အတိတ်တဘောင်တွေ စီးနေလို့လားတော့ မပြောတတ်ဘူးနော် အခုက ခေါက်ဆွဲကြော်လိုင်းဘက်ကို ပြောင်းသွားတယ်ဗျ” လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လာမယ့်လမှာ CI စင်တာ ဖွင့်လှစ်မယ်

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို သက်သေခံအချက်အလက်တွေ ထုတ်ပေးဖို့နဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် ရည်ရွယ်ပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံ စမွတ်စခွန်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာအသစ်တစ်ခုကို နိုဝင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

အမှောင်ထဲက ပြေးထွက်လာနိုင်ခဲ့တဲ့ အာဏာရှင်စစ်ခေါင်းဆောင်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဝင်ဟောင်း

"အဲ့တုန်းက ကျနော် အမေစုအိမ်မှာ တာဝန်ကျနေတာ။ အာဏာသိမ်းကာစပေါ့။ တပ်ထဲက သူငယ်ချင်းတစ်ယောက် ဆေးရုံတက်ရတာနဲ့ သူ့ကိုအကူလိုက်သွားပေးရင်း အခွင့်အရေးရတာနဲ့ ဒီဘက်ချက်ချင်းထွက်လာလိုက်တာပါ။ နောက်တစ်ခါ အခွင့်အရေးဆိုတာ မသေချာဘူး။" လို့ ကိုအောင်ကျော်ထက်က သူ CDM လုပ်လာတဲ့အကြောင်း ပြောပြပါတယ်။
Read More

GZA စစ်ဦးစီးချုပ်အပါ အဖွဲ့ဝင် ၅ ဦးနှင့် YDF တပ်ဖွဲ့ဝင် ၂ ဦး လုပ်ကြံခံရ 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ Generation Z Army (GZA) စစ်ဦးစီးချုပ် အပါအဝင် တပ်ဖွဲ့ဝင် ၅ယောက်နဲ့ YDF တပ်ဖွဲ့ဝင် ၂ယောက် လုပ်ကြံခံခဲ့ရတယ်လို့ Generation Z Army (GZA) က ဇူလိုင်လ ၁၆ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

စိတ်ဖြောင့်ဖြောင့် ခရီးမသွားလာရဲတော့သည့် စစ်ကောင်စီအရာရှိများ

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေဟာ မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ တိုက်ပွဲတွေ ဆင်နွှဲနေကြတာ ၄ နှစ် ပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ်။ 
Read More

ကလေးတပ်သားများ MBT တကယ်ပဲ လက်ခံထားတာလား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ကနေ အသက်မပြည့်သေးတဲ့ ကလေးတွေကို PDF အဖြစ် လက်ခံပြီး စစ်သင်တန်း လေ့ကျင့်သင်ကြားပေးမှုတွေ ရှိနေတယ်လို့ MBT တပ်ဖွဲ့ထဲကို ရောက်ရှိနေတဲ့ ကလေးတွေရဲ့ မိဘတွေထံက သိရပါတယ်။
Read More

အာဆီယံ သို့မဟုတ် မြန်မာ့အရေးအပေါ် ဦးဆောင်ဖြေရှင်းနိုင်စွမ်းမရှိဘူး ဆိုတာကို ဝန်ခံရမယ့်အချိန် ရောက်လို့နေတဲ့ အဖွဲ့အစည်း

ယခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် လာအိုစတင်တာဝန်ယူစဉ်က ၎င်းဟာ ဒေသတွင်းအစုအဖွဲ့ကို အငြင်းပွားဖွယ်ရာ ပြဿနာတွေ ကင်းဝေးသွားစေဖို့ ဦးဆောင်သွားနိုင်လိမ့်မယ်လို့ ခန့်မှန်းခံခဲ့ရပါတယ်။