နိုင်ငံရေး ပြဿနာကို ရိုးသားစွာ ပြေလည်အောင် ဖြေရှင်းပေးခြင်း မရှိဘူးဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရလဒ်မရနိုင်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။

ပဒိုစောကွယ်ထူးဝင်းက ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ မိန့်ခွန်းမှာ အခုလို ပြောကြားလိုက်တာပါ။

KNU ဥက္ကဋ္ဌ ရဲ့ မိန့်ခွန်းဟာ အခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းခေါ်ယူနေမှုကို ပြန်လည်ပြောဆိုလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ကရင်လူမျိုးတွေရဲ့ ရှင်သန်ရပ်တည်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုန်းကန်လှုပ်ရှားနေရမှုတွေဟာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဏာရသူတွေက တရားတဲ့နည်းလမ်းတွေနဲ့ မဖြေရှင်းခဲ့တဲ့အပြင် လက်နက်အားကိုးနဲ့ ဖိနှိပ်ခြယ်လှယ်ခဲ့တာကြောင့် ဖြစ်တယ်လို့လည်း  KNU ဥက္ကဋ္ဌက ဆိုပါတယ်။

စစ်တပ်ရဲ့ ကြီးစိုးမှုနဲ့ အာဏာသိမ်းအုပ်ချုပ်မှုတွေ အမြစ်ပြတ်ချေမှုန်းဖို့ တစ်ခုတည်းသောနည်းလမ်းဟာ စစ်ရေးအရ ဖိအားပေး အနိုင်ယူခြင်းသာ ဖြစ်တယ်လို့  သူကဆိုပါတယ်။

၁၉၄၉ ခုနှစ်ကစခဲ့တဲ့ ကရင်အမျိုးသားတွေအတွက်  ရုန်းကန်လှုပ်ရှားမှုတွေဟာ လက်နက်ကိုင်တော်လှန်ရေးပုံစံကို ပြောင်းလဲခဲ့တာ ဒီနေ့အထိပဲဖြစ်တယ်လို့လည်း သူကပြောပါတယ်။

တိုင်းပြည်ဟာ အကောင်းဆုံး ပုံစံကိုရောက်ရှိလာရာကနေ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဆွေးနွေးဖို့ထက် စစ်ရေးနည်းလမ်းနဲ့သာ ဖြေရှင်းဆောင်ရွက်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မကြာခဏ စစ်အာဏာသိမ်းမှု၊ မဟာလူမျိုးကြီးဝါဒ နဲ့ စစ်အာဏာရှင်စနစ်ကို မစွန့်ပယ်သရွေ့ တော်လှန်ရေးက ရှိနေဦးမှာဖြစ်ပြီး လက်ရှိ  ပြည်သူလူထု ရင်ဆိုင်နေရတဲ့ ဒုက္ခဆင်းရဲ အဝဝကို များစွာစာနာထောက်ထားမိကာ KNU အနေနဲ့ အခုထိ တိုက်ပွဲဝင်နေခြင်းဟာ တခြားနည်းလမ်း ရွေးစရာမရှိတော့တာကြောင့် ဖြစ်တယ်လို့လည်း KNU ဥက္ကဋ္ဌက ပြောပါတယ်။

0 Shares:
You May Also Like
Read More

NUG ရဲ့ တောင်ပိုင်းစစ်ဒေသမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၁၄၇) ယောက်သေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား  (၁၄၇) ယောက် သေဆုံးပြီး (၉၆) ယောက် ဒဏ်ရာရကာ (၈) ယောက်ကို အရှင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးက ပြည်သူ(၁၁)ဦး သေဆုံးခဲ့သည့် စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ် အသေးစိတ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ချောင်းမရွာနဲ့ နွယ်ခွေရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်းများနဲ့ တိုက်ခိုက်ခဲ့မှုအတွင်း ကလေး (၃) ယောက် အပါအဝင် အရပ်သားပြည်သူ(၁၁) ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ၇၅ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာလ ၁ ရက်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၅ နှစ်မြောက် အမျိုးသားနေ့စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းက လှုပ်ရှားနယ်မြေအတွင်းရှိ ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာ သင်တန်းပေးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းအနေနဲ့ လှုပ်ရှားနယ်မြေအတွင်းက ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာပေး သင်တန်းပြုလုပ်ကာ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့မှာ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်ခရိုင် ရဲမှူးရုံးမှ ဒုရဲအုပ်တစ်ဦး လက်နက်နှင့် အလင်းဝင်

အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်တစ်ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ကာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က တပ်သား ၁ ယောက် လက်နက်နဲ့အတူ ထားဝယ်ခရိုင်တပ်ရင်း(၂) ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်အတွင်းက စစ်ကောင်စီတပ်သား တစ်ယောက်က လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) က ထုတ်ပြန်ထားပါတယ်။