ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်မှာ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိထားတယ်လို့ CDF- Asho က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
AA တပ်ဖွဲ့ဝင်တွေက နပခကို သိမ်းပိုက်ပြီးနောက်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းအသီးသီးကနေ စစ်ကြောင်းပျက်ပြီး ထွက်ပြေးလာတဲ့ စစ်သားဦးရေ ၉၀ ခန့်ကို CDF- Asho တပ်ဖွဲ့အနေနဲ့ အမ်း-ပဒါန်း လမ်းမအနီး၊ ပျဉ်းဝ စစ်ဆေးရေးဂိတ် အနောက်ဘက် မီတာ ၁၅၀၀ ကျော်မှာ ပိတ်ဆို့တားဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီထဲက စစ်ကောင်စီတပ်သားတချို့ဟာ CDF- Asho ထံကို အလင်းဝင်လာသူတွေလည်း ရှိသလို ထွက်ပြေးလွတ်မြောက်သွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
CDF- Asho အနေနဲ့ ထွက်ပြေး လွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှာဖွေရာ ၃ ရက်အတွင်းမှာ စစ်သား (၁၇) ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
“လက်တလောကတော့ အလင်းဝင်လာသူတွေရဲ့ ဖြေကြားမှုအရရော… ဆက်စပ်စစ်ဆင်ရေး အခြေအနေအရရော…နယ်မြေရှင်းလင်းရေးလည်း လုပ်ဆောင်နေဆဲမို့ ထုတ်ပြန်ချက်ထဲကပါတဲ့ အရေအတွက်လောက်ပဲ ပြည်သူကို အသိပေးလို့ ရပါသေးတယ်ဗျ။ ဒဏ်ရာရသူတွေလည်း မပါပါဘူး။ နိုင်ငံတကာ စစ်ဥပဒေများအတိုင်းပဲ စစ်သုံ့ပန်း အလင်းဝင်လာသူတွေကို ထားရှိလျှက်ပါဗျ။” လို့ CDF – Asho ရဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်ကနေ ၂၇ ရက်အထိ (၃) ရက်အတွင်း အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထပ်မံ ဖမ်းဆီးရမိသူတွေဆီက လက်နက်ခဲယမ်းမျးစွာနဲ့ စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရမိခဲ့သလို ထွက်ပြေးလွတ်မြောက်နေသူတွေကိုလည်း နယ်မြေရှင်းလင်း ရှာဖွေလျက်ရှိတယ်လို့ ဆိုပါတယ်။
ပုံ – CDF- Asho
0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက သက်ကြီးပိုင်းတွေ ဆွဲခေါ်ကာ ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး စစ်သင်တန်းပို့ချနေ

ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်အထိရှိတဲ့ အမျိုးသားတွေကို ပြည်သူ့လုံခြုံရေးဆိုပြီး အဖွဲ့တွေဖွဲ့ပေးကာ စစ်သင်တန်းတွေ ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းနေကုန်းရဲစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်လို့ စစ်အုပ်စုတွေ အပြင်းအထန် ထိခိုက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မင်းနေကုန်းရွာရဲစခန်းကို ဒရုန်းတွေ ၊ လက်နက်ကြီးတွေနဲ့ သွား​ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုတွေ အပြင်းအထန်ထိခိုက်သွားကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Read More

ကော့ကရိတ်မှာ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု ၅ ဦးထက်မနည်း သေပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ၊ စစ်တပ်ဆီက လက်နက်ခဲယမ်းများအပြင် မူးယစ်ဆေးဝါးပါ သိမ်းဆည်းရမိ…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ ၅ ယောက်ထက်မနည်း သေပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ Justice Soldier PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့မှာ “ကျွတ်မနေနဲ့ ကြုံး” စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ တော်လှန်ညီနောင် (၄) ဖွဲ့ ပူးပေါင်းပြီး အောက်တိုဘာလ (၁၆) ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘယ်တော်လှန်ရေးအဖွဲ့ကိုမှ မကြောက်ဘူးဟု စိန်ခေါ်သည့် စစ်တပ်သတင်းပေး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကိုမှ မကြောက်ဘူးလို့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်သတင်းပေးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ထံက သိရပါတယ်။