”နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးအပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ ဘဝတွေကို ငဲ့ညာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတာကို လက်ခံပေးပါ။ ပြည်သူလူထုကို အကြမ်းဖက်တာတွေ ဗုံးကြဲတာတွေ ရပ်တန့်ပေးပါ။ ဆက် လုပ်ဆောင်မယ်ဆိုရင် တပ်မိသားစုတွေနဲ့ ပြည်သူတွေရဲ့ အမုန်းတရားတွေ နာကြည်းမှုတွေကိုပဲ ရရှိ ခံစားရလိမ့်မယ်ဆိုတာကို သိစေချင်ပါတယ်”

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နပခ) အား သိမ်းပိုက်ခဲ့မှုအတွင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ နပခ တိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့အပါအဝင် စစ်ကောင်စီတပ်က အရာရှိ၊ အရာခံ တပ်သားအများအပြားကို AA က အရှင်ဖမ်းမိခဲ့ပါတယ်။

အာရက္ခတပ်တော် AA ဟာ ဒီဇင်ဘာလ အစောပိုင်းအတွင်းကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး၊ ဗိုလ်မှုးချုပ် သူရိန်ထွန်းအပါအဝင် စစ်ကောင်စီတပ်က  အရာရှိ အရာခံ တပ်သားအများအပြားကို အရှင်ဖမ်းမိခဲ့ကာ၊ ဘင်္ဂလာဒေ့ချ်နယ်စပ်တကြောလုံးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဦးလေးဖြစ်သူ ရဲတပ်ဖွဲ့ဝင်ရဲ့ ဖမ်းဆီး စစ်မှုထမ်းခိုင်းထားခြင်းခံရတဲ့ ဘုန်းကြီးကျောင်းသား စစ်သင်တန်းကနေ ထွက်ပြေးလာသူရဲ့ ပြောကြားချက် (ရုပ်/သံ)

''ကျွန်တော်ကတော့ PDF က ပြည်သူထဲက ပြည်သူပဲ။ သင်တန်းပြီးရင် PDF နဲ့ ပြန်တိုက်ခိုင်းမှာ။ မတိုက်နိုင်ဘူး။ ကျွန်တော်တို့ ပြေးလို့ မလွတ်လာလို့ ပါသွားခဲ့ရင်တောင်မှာ ရှေ့တန်းရောက်ရင် အလံဖြူပြမှာပဲ။ အလံဖြူပြမယ့်သူတွေလည်း တပုံကြီး။ အကုန်လုံးက ပေါ်တာဆွဲခံရတဲ့ သူချည်းပဲ"
Read More

Loikaw Local PDF ထံသို့ လက်နက်နှင့် အလင်းဝင်ရောက် ခိုလှုံခဲ့သည့် တပ်သား မျိုးသက်ဦး၏ ရင်ဖွင့်စကားသံ (ရုပ်/သံ)

"အိမ်ကို စာရောက်လာတယ်၊ မဲပေါက်တယ်ဆိုပြီးတော့၊ အိမ်ကလည်း အရမ်းစိုးရိမ်တယ်။ လာပြီး ခြိမ်းခြောက်တယ်၊ အိမ်ကို ချိတ်ပိတ်မယ်၊ မလိုက်လို့ရှိရင် ဖမ်းမယ်ဆိုပြီး မိဘတွေကို ခြိမ်းခြောက်တယ်။ အဲဒါနဲ့ ဒီဘက်ကို ရောက်လာတာပါ''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၇) တပ်သား- နေလင်းဦး၏ ပြောကြားချက် (ရုပ်/သံ)

''လက်နက်မကိုင်ချင်ဘူး။ ဒီအလုပ်ကို မနှစ်သက်ဘူး။ သူတို့ (စစ်ကောင်စီ)ကိုလည်း နှစ်သက်မရှိဘူး။ အဲဒါကြောင့်မလို အလင်းဝင်လာတာပါ။ အမေတို့ကို ကျန်းကျန်းမာမာရှိပါစေလို့ ဆုတောင်းပေးတယ်။ ကျွန်တော်လည်း ကျန်းကျန်းမာမာနဲ့ တော်လှန်ရေးအဖွဲ့အစည်းထဲ ရောက်နေပြီ။ အသက်အန္တရာယ်လည်း ကင်းတယ်''
Read More

ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ စစ်ဆင်​ရေး (G-3) အဆင့်ရှိ ဗိုလ်ကြီး ​အောင်ကိုကို (ရုပ်/သံ)

“ကျနော်တို့လက်နက်ချလိုက်တော့မယ်၊ တပည့်တွေအခြေအနေမကောင်းတော့ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျနော်တို့ကို သတ်မှာလား၊ ဒါမှမဟုတ် ထိုးကြိတ်နှိပ်စက်မှာလားပေါ့၊ အဲဒီ သံသယဝင်တယ်။ ကျနော်တို့ တိုင်ပင်တယ်... တိုင်ပင်ပြီးတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။
Read More

ရန်ကုန်မြို့မှာ ဆိုက်ကားနင်းရင်း ပေါ်တာဆွဲခံရပြီး စစ်သားသစ်စုဆောင်းခံခဲ့ရတဲ့ ကိုအောင်လွင်သူရဲ့ ပြောကြားချက် (ရုပ်/သံ)

ကိုအောင်လွင်သူဟာ ရန်ကုန်မြို့မှာ ဆိုက်ကားနင်း အလုပ်လုပ်ကိုင်ရင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲခံရကာ စစ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရသူပါ။
Read More

ပါတီနိုင်ငံရေးတွေ စိတ်မဝင်စား၊ စစ်အာဏာရှင်ဖြုတ်ချရေးသာ အသွေးနဲ့အသား ပေးဆပ်ထားသူ (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ (၂) မှာ တာဝန်ထမ်းဆောင်တဲ့ ရဲဘော်နေလင်းဟာ တိုက်ပွဲအတွင်း ဒဏ်ရာ ကြီးကြီးမားမား ၂ကြိမ် ရခဲ့ပြီး လက်ရှိမှာ ရှေ့တန်းတိုက်ပွဲတွေမှာ မပါဝင်နိုင်တော့ဘဲ ရရာအခန်းကဏ္ဍကနေ တော်လှန်ရေးခရီးကို ဆက်လျှောက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။