မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ထိတွေ့တိုက်ပွဲမရှိဘဲ စမ်းကလေးကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့လို့ ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ပြီး ဒေသခံ ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မင်းဘူးခရိုင် ပကဖ DIA သတင်းနှင့်ထောက်လှမ်းရေးတာဝန်ခံ ကိုအညာသားက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁၆ရက် မနေ့က နေ့လည်ပိုင်းမှာ စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာအုပ်စု၊ စမ်းကလေးကျေးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ တစ်ရာနီးပါးရှိတဲ့ စမ်းကလေးကျေးရွာအတွင်းက နေအိမ်အကုန်လုံးနီးပါး မီးလောင်ပြာကျခဲ့ပြီး ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“အခုမီးရှို့တဲ့ စမ်းကလေးရွာက ဧရာဝတီမြစ်နဲ့လည်း နီးတယ်။ ဆင်ဖြူကျွန်းတို့ ဆိပ်ဖြူတို့ကြားထဲမှာလည်း ဖြစ်တယ်။ ဒီတော့ တော်လှန်ရေး​အင်အားစုတွေ မြန်မာနိုင်ငံအလယ်ပိုင်းကို ထိုးစစ်ဆင်နေသလို ဒီကောင်တွေကလည်း စမ်းကလေးရွာကို စစ်ကြောင်းထိုး မီးရှို့သွားတယ်ပေါ့။ စမ်းကလေးရွာက အိမ်ခြေ ရာကျော်မယ်။ အခုဆို ဒေသခံ၃ထောင်ကျောက်လောက် စစ်ရှောင်နေရပါတယ်” လို့ မင်းဘူးခရိုင် ပကဖ DIA သတင်းနှင့်ထောက်လှမ်းရေးတာဝန်ခံ ကိုအညာသားက ပြောပါတယ်။

စမ်းကလေးကျေးရွာကို စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးခဲ့စဥ်

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ရက်နေ့က စမ်းကလေးကျေးရွာအနီးပတ်ဝန်းကျင်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့မှုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

စလင်းမြို့ပတ်ဝန်းကျင်မှာ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၃ ၊ ၂၅၄ ၊ ၂၅၅ တပ်တွေနဲ့ ကပစ တွေရှိပြီး အဲ့ဒီက စစ်ကောင်စီတပ်တွေက ရွာတွေထဲဝင်ပြီး မီးရှို့ ပစ္စည်းလုနေတာ ဖြစ်ပါတယ်။

“ဒီလိုစစ်ကြောင်းထိုး မီးရှို့တဲ့ဖြစ်စဥ်က သတိထားရမယ်။ နိုဝင်ဘာလလောက်ကစလို့ မကွေးတိုင်းထဲက တော်လှန်ရေးတပ်တွေ ဝင်ရောက်စိုးမိုးထားနိုင်တဲ့ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ စေတုတ္ထရာ၊ ပွင့်ဖြူမြို့နယ်တွေမှာ တောက်လျှောက် မီးရှို့ခံလာရတယ်။ ဒရုန်းတွေ ပိုသုံးခံလာရတယ်ပေါ့။ ဒါက စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်ခရီးစဥ်ကပြန်လာပြီးနောက်ပိုင်း တွေ့ရတာပေါ့။” လို့ မင်းဘူးခရိုင် ပကဖ DIA သတင်းနှင့်ထောက်လှမ်းရေးတာဝန်ခံ ကိုအညာသားက ပြောပါတယ်။

စမ်းကလေးကျေးရွာကို စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးခဲ့စဥ်

စလင်းမြို့နည်းတူ မင်းဘူးခရိုင်ထဲက ပွင့်ဖြူနဲ့ စေတုတ္တရာ မြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကစလို့ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းဝင်၊ လက်နက်ကြီးပစ်၊ မီးရှို့မှုတွေကြောင့် ရွာ၅ရွာကဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

“တောတောင်တွေထဲ ရောက်နေတဲ့ စစ်ရှောင်တွေအဖို့ ချောင်းရေပဲ သောက်ရတယ်။ ကျန်းမာရေးမကောင်းဖြစ်ကြတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ကြတယ်။ အခုဆို မိုးမရှိတော့ ချောင်းရေတွေတောင်ခမ်းလာပြီး သောက်သုံးရေပြတ်လပ်လာတယ်ပေါ့။ နောက်တစ်ခုက ဒီဇင်ဘာ အအေးဓာတ်ပိုလာမှုနဲ့အတူ ကျန်းမာရေးပိုသတိထားနေရတယ်” လို့ ကိုအညာသားက မောင်းကိုပြောပါတယ်။

စမ်းကလေးကျေးရွာကို စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးခဲ့စဥ်
0 Shares:
You May Also Like
Read More

တော်လှန်ရေးကာလတလျှောက် တိုက်ပွဲငြိမ်သက်နေခဲ့သည့် ဧရာဝတီတိုင်းအတွင်း ၂၀၂၅ နှစ်စမှာ တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်လာ

နွေဦးတော်လှန်ရေးရဲ့ အစောပိုင်းကာလက တိုက်ပွဲဖြစ်ပွားခြင်း လုံး၀မရှိခဲ့တဲ့ ဧရာ၀တီတိုင်းထဲမှာ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၆ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ BNI-Myanmar Peace Monitor ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။
Read More

အောင်ပန်းမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူများအတွက် ၄ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်အာဏာရှင်တွေကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကျဆုံးခဲ့သူတွေနဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေအတွက် (၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ (P3.-9702) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ မော်ဖိုးကေ စစ်စခန်းကို KNLA ပူးပေါင်းတပ်များ စတင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးက အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၂၄ တပ်ရင်း စစ်သားတွေရှိရာ မော်ဖိုးကေ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြပါတယ်။
Read More

ကျွန်းစုတွင် စစ်သင်္ဘောနှင့် ပျူလှေ တိုက်ခိုက်ခံရပြီး ၂ ဦး သေကာ ဝရုန်းသုန်းကား ထွက်ပြေး

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေခြင်း ရှိမရှိ နယ်မြေရှင်းလင်းရေးလုပ်ရင်း စစ်အုပ်စုရဲ့ သင်္ဘောတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းကင်းနယ်က နှစ်ရှည်စစ်ဘေးရှောင်နေကြရသူတွေ စားဝတ်နေရေး ပိုမိုကျပ်တည်းလာ

စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်ထဲမှာ နှစ်ရှည်စစ်ဘေးရှောင်နေကြရတဲ့ ကျေးရွာ ၄ ရွာက ဒေသခံတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်၏လူယုံ ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီနှင့် စစ်အုပ်စု အလိုကျ ရုပ်ရှင်လောကသားများ တွေ့ဆုံ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံလို့ အများက သိထားတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ရန်ကုန်တိုင်းပါတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနဲ့အတူ ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီအားပေး ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။