ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ ရွာစဥ်လှည့် ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက်သေ​ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ ကြို့ပင်ကောက်အခြေစိုက် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာ ၁၃ ရက် မနေ့က မနက်ပိုင်းမှာ ဘော်ဘင်ရွာပျူစောထီးတွေနဲ့ ပေါင်းပြီး ရွာစဥ်လှည့်စစ်ကြောင်းထိုး ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ကြိုပြီး မိုင်းဆွဲခဲ့တာလို့ သိရပါတယ်။
မိုင်းဆွဲခံရမှုကြောင့် စစ်အုပ်စုဘက်က ၅ယောက်​ထိခိုက်ခဲ့ပြီး ၁ ယောက်ကတော့ နေရာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
” ပေါ်တာဆွဲဖို့ လာတဲ့ စစ်ကြောင်းကို ကျနော်တို့ကအသင့်စောင့်ပြီး ရှေ့ထွက်မိုင်းနဲ့ ခွဲလိုက်တယ်ပေါ့။ အဲ့နောက်အပြန်လှန်ပစ်ခတ်မှုဖြစ်ပါတယ်။ ၅ ယောက်ထိတာ ၁ ယောက်ကတော့ နေရာတွင်ပွဲချင်းပြီး သေတယ်။ ဆေးရုံကို ပို့တဲ့အချိန်နောက် ၂ ယောက်ထပ်သေပါတယ်။ ကျန်တဲ့ ၂ ကောင်လည်း အခြေအနေမကောင်ဘူး ကြားတယ်ပေါ့နော်။ ကျွန်တော်တို့ဘက်က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။” လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
ဇီးကုန်း၊ ဘော်ဘင်ရွာမှာ တပ်အထိုင်ချထားတဲ့အကြမ်းဖက်စစ်တပ်က ရွာခံပျူစောထီးတွေနဲ့ပေါင်းကာ အနီးအနားရွာတွေဖြစ်တဲ့ ကံကြီးကြိုး၊ ရွာချောင်၊ မီးကောက်ပင်၊ ဒိုးနွယ်နဲ့ ခတ်ချိုကွင်းရွာတွေဆီ ဆက်ကြေးကောက် ပေါ်တာဆွဲနေတဲ့အတွက် လူင​ယ်လူရွယ်အမျိုးသားတွေ ထွက်ပြေးနေရတာဖြစ်ပါတယ်။
ဒါ့အပြင် ပဲခူးတိုင်းအတွင်းက စစ်ကောင်စီ ခန့်အပ်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးအာဏာပိုင်တွေကို တော်လှန်ရေးအဖွဲ့တွေ မကြာခဏဆိုသလို ရှင်းလင်းနေတာကြောင့် ရာထူးနူတ်ထွက်သူတွေရှိလာသလို တပ်သားသစ်စုပေးဖို့ မလွယ်ကူတော့တဲ့အခြေအနေတွေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။
” အုပ်ကြီးတွေ၊ ရာအိမ်မှူးတွေက အရင်လို တပ်သားသစ်တွေရှာမပေးနိုင်တော့တဲ့အခါကျ စခနဲ့ပျူတွေက မကျေနပ်ကြတော့ဘူးပေါ့ဗျာ။ နောက်ပြီး ရှင်းလင်းခံရတာတွေများလာတော့ ဆပ်ကြေးလဲမကောက်ရဲ၊ တပ်သားလဲမစုဆောင်ရဲဖြစ်နေကြတာ။ အခုဆို စခ နဲ့ ပျူတွေက သူတို့ကိုယ်တိုင်ပဲ ရွာတွေထဲဝင်တယ်။ အိမ်တွေထဲအတင်းဝင်ဆွဲတယ်။ လူမတွေ့ရင် အဖိုးတန်ပစ္စည်းတွေကို ခိုးကြတယ်ပေါ့။.” လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇမင်းက ဆက်ပြောပါတယ်။
လက်ရှိမှာ တပ်သားသစ်လိုအပ်ချက်မြင့်မားလာမှုနဲ့အတူ တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့နယ်တွေ၊ ရွာတွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုများပြားလာတာလည်း ဖြစ်ပါတယ်။
ပုံစာ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ဟားခါးမြို့ပေါ်က ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ…

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လေကြောင်းအန္တရာယ် အသိပညာပေးစာစောင်များနှင့် ဗီနိုင်းများ ပြည်သူလူထုဆီ ဖြန့်ဝေခဲ့ (ဓာတ်ပုံသတင်း)

လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေကို ပြည်သူတွေ အလွယ်တကူ လေ့လာသိရှိ နားလည်ဆောင်ရွက်နိုင်အောင် လေကြောင်းအန္တရာယ် အသိပညာပေး စာစောင်တွေနဲ့ ဗီနိုင်းတွေကို လက်ပံတောင်းတောင် ပင်မသပိတ်နဲ့ ပူးပေါင်းပြီး ပြည်သူတွေဆီ မျှဝေခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဆိုးရွားယုတ်မာတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီ သက်ဆိုးမရှည်ရေး နိုင်ငံတကာ ကူညီပေးဖို့ NUG တောင်းဆို

စစ်ကောင်စီရဲ့  စစ်ရာဇ၀တ်မှုကျူးလွန်နေမှုအပေါ် နိုင်ငံတကာက တစ်စုံတစ်ရာ အရေးယူမှုတွေ မပြုလုပ်တာကြောင့် ပိုမိုအတင့်ရဲနေခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Read More

ရန်ကုန်မှာ YUPA မြို့ပြပြောက်ကျား တပ်ဖွဲ့က အာဏာရှင်အမြစ်ပြတ်ချေမှုန်းဖို့ အရှေ့ပိုင်းဒဂုန်မှာ အခြေစိုက်ပြီး ဆက်လက်လုပ်ဆောင်ဖို့ ထုတ်ပြန်ကြေငြာ

ရန်ကုန်မြို့ Yango Ug People Army မြို့ပြတော်လှန်ရေးတပ်ဖွဲ့အနေနဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေ ပြုလုပ်ရာမှာ ရန်ကုန်အရှေ့ပိုင်း ဒဂုန်မြို့နယ်အတွင်း အခြေစိုက်ကာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း အသိပေး ကြေငြာချက်ကို နိုဝင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ခဲ့တယ်လို့ YUPA မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိ​သူတွေဆီက သိရပါတယ်။
Read More

ကရင်နဲ့မွန်အစပ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဇီးနစ်ဒေသအနီီးမှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မတူပီ-မင်းတပ် လမ်းပိုင်းရှိ မိုင်တိုင် ၉၁ မိုင်တွင် လမ်းပြုပြင်နေသဖြင့် လမ်းပိတ်ထားကြောင်း CDF မတူပီ ထုတ်ပြန်ကြေညာ

ချင်းပြည်နယ်ရှိ မတူပီ-မင်းတပ် လမ်းပိုင်းက မိုင်တိုင် ၉၁ မိုင်မှာ လမ်းပြုပြင်နေတာကြောင့် လမ်းပိတ်ထားတယ်လို့ Chin Defense Force-Matupi က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။