ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ လေကြောင်းဆိုင်ရာပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်မှူးသေဆုံးသွားခဲ့ပါတယ်။
ပျက်ကျသွားတဲ့ တိုက်လေယာဉ်ဟာ အိန္ဒိယနိုင်ငံထုတ် တီဂျက်စ် တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး သေဆုံးသွားခဲ့ရတဲ့ တိုက်လေယာဉ်မှူးအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း အိန္ဒိယလေ တပ်က ထုတ်ပြန်ထားပါတယ်။
အဆိုပါလေယာဉ်အမျိုးအစားဟာ ပြီးခဲ့တဲ့နှစ်ကလည်း ပျက်ကျခဲ့ဖူးတဲ့အတွက် ယခုတစ်ကြိမ် ပျက်ကျမှုဟာ ၂ နှစ်ဆက်တိုက်ပျက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video-လူမှုကွန်ရက်