ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ကျေးရွာစာသင်ကျောင်းတစ်ခုကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ပေမယ့် ကျောင်းသားကျောင်းသူတွေ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၇ ရက် မနေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ် အချိန်မှာ ကျောက်ဖြူမြို့နယ်၊ မင်းရပ်တိုက်နယ်၊ လိပ်တင်ကျေးရွာရှိ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေ့လယ် ၁၂ နာရီ ၃၉ မိနစ်မှာလည်း အဆိုပါ စာသင်ကျောင်းကိုပဲ ဆူဆိုက်ဒရုန်း ၁စင်းနဲ့ ထက်မံ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ပေမယ့် စာသင်ကျောင်းအနီးက ဝက် ၂ကောင် သေဆုံးကာ စာသင်ကျောင်း ထိခိုက်ပျက်စီးသွားတယ်လို့ ဖော်ပြထားပါတယ်။

မနေ့က တစ်ရက်တည်းမှာပဲ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်အချိန်မှာ ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာကိုလည်း စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ အလားတူ ညနေ ၄နာရီ ၃၀ မိနစ်အချိန်မှာလည်း အမြင့်ကျွန်း တံတားအနီးကို စစ်တပ်က Y12 လေယာဥ်နဲ့ ဗုံး အလုံး ၆၀ နီးပါး ကြဲချခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က ညပိုင်းမှာလည်း မင်းရပ်တိုက်နယ်ရှိ မင်းရပ်ရွာနဲ့ သံချောင်းရွာအနီးဝန်းကျင်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဇင်ချောင်းကမ်းခြေမျက်နှာစာမှာ နေရာယူထားတဲ့ စစ်သင်္ဘော ၂ စီးပေါ်ကနေလည်း အဆိုပါ ကျေးရွာတွေကို လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျောက်ဖြူမြို့ရှိ ကျေးရွာတွေကို အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့လည်း AA က အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ရေးမြို့နယ်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းရှိ စစ်မှုထမ်းဆင်း စစ်သားသစ် ၂ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မော့ကနင်ကျေးရွာ အခြေစိုက် ခလရ ၁၀၆ တပ်ရင်းက စစ်မှုထမ်းဆင်းစစ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က နေ့စဥ်ဆိုသလို လေကြောင်းဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ရေးရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်က နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းလှတွင် စစ်မှုထမ်းကြေးကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အလယ်ကုန်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး စိုးဝင်းဟာ ရွာခံတွေကို စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ပါတယ်။
Read More

အင်းတကော်နဲ့ ဝေါမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်း၊ ၆၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်နဲ့ ဝေါမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်က သူနေ့စဥ် ဗုံးကြဲနေသည့် နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြရန် တော်လှန်ရေးတပ်များကို တိုက်တွန်း

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အောက်တိုဘာ ၁၅ ရက် ဒီနေ့ နေပြည်တော်မှာ ကျင်းပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားမှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြဖို့ ပြောဆိုလာပြန်ပါတယ်။
Read More

လားရှိုးမြို့က မန်နားကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်လို့ အရပ်သား ၉ ယောက် ဒဏ်ရာရပြီး ၃ ယောက် ဒဏ်ရာပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် - MNDAA က သိမ်းပိုက်ထားတဲ့ လားရှိုးမြို့၊ မန်နားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ယောက် ဒဏ်ရာရပြီး ၃ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ လားရှိုးမြို့ ပြန် လည်ထူထောင်ရေးက ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။