ကရင်ပြည်နယ်၊ ဘားအံမြို့ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည်ဆိုသည့်အတွက် လုံခြုံရေးတိုးမြင့်ထားပြီး၊ အစစ်ဆေးလည်းတင်းကြပ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်တပ်သားတွေဟာ ဘားအံမြို့နေရာတော်တော်များများမှာ ကင်းချထားပြီး စစ်ဆေးမှုများ တင်းကြပ်ထားသလို မြို့ဝင်၊ မြို့ထွက်အားလုံးမှာလည်း စစ်ဆေးမှုတွေ တိုးမြင့်လုပ်ဆောင်နေတယ် ဆိုပါတယ်။

” ဒီနေ့ နဲ့ မနက်ဖြန် ဘားအံကို မလာတာအကောင်းဆုံးပဲ စစ်ဆေးရေးတွေက တင်းကြပ်နေတယ်၊ လမ်းတွေလည်းရှင်းနေတယ်၊ လုံခြုံရေးတွေလည်း အများကြီးချထားတယ် ” လို့ ဘားအံမြို့ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

မင်းအောင်လှိုင် ဘားအံကိုလာမည့်အတွက် မြို့တွင်းမောင်းနှင်းသွားလာနေတဲ့ ယာဉ်တွေကို စစ်ကော်မရှင်တပ်သားတွေက လိုင်စင် ရှိ မရှိစစ်ဆေးနေပြီး၊ လိုင်စင်ရှိတဲ့ယာဉ်များကိုလည်း အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးငွေကြေးတောင်းခံတာမျိုးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“တမြို့လုံး လုံခြုံရေးချထားတယ်၊ လိုင်စင်ရှိလဲ ဦးထုတ်မစောင်းတာ ဘက်မှန်မပါတာ အမျိုးမျိုး ညစ်နေတာ၊ အဖမ်းခံထားရတဲ့ကားတွေ ၁၀၀ ကျော်လောက်ရှိတယ်၊ ၃ရက်လောက်ရှိပြီ … ဖမ်းနေတာ ဒီရက်ပိုဆိုးနေတယ်” လို့ နောက်ထပ်မြို့ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်ခေါင်းဆောင် သွားမယ့်လမ်းကြောင်းနဲ့ နီးတဲ့နေရာတွေမှာဆို စစ်ကော်မရှင်တပ်သားတွေဟာ ရပ်ကွက်တွေထဲထိ လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘားအံကိုလာသည့်အခါ တောင်ကလေးဆရာတော် နဲ့ တွေ့ဆုံမှာဖြစ်သလို၊ တောင်ကလေး စစ်ဆေးရုံရှိ လူနာတွေနဲ့ လည်းလာရောက်တွေ့ဆုံခြင်းမျိုးလည်း ဖြစ်နိုင်တယ်လို့ ဘားအံမြို့ခံတစ်ယောက်က ဆိုပါတယ်။

“တောင်ကလေးဆရာတော်ကိုဖူးမယ်၊‌ သူက တောင်ကလေးဆရာတော်ကို ကိုးကွယ်တာ၊ တောင်ကလေးစစ်ဆေးရုံမှာ အတိုအပြတ်တွေကို တွေ့မယ်၊ ဘားအံမှာ ပြည်နယ်အစိုးရ‌အပြင် သူတို့ရဲ့မိတ်ဘက် လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့မယ်လို့လည်း သတင်းရတယ်၊ ဟုတ် မဟုတ်တော့ အတတ်မသိရသေးဘူး” လို့ အဆိုပါမြို့ခံက မောင်းကို ပြောပါတယ်။
0 Shares:
You May Also Like
Read More

အမေရိကန်၊ ဝါရှင်တန်မြို့ တရုတ်သံရုံးရှေ့မှာ မြန်မာအရေး တရုတ်စွက်ဖက်မှု ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်…

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးအရှေ့မှာ မြန်မာနိုင်ငံအရေး တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်နေမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်ရောက် အနုပညာရှင်အချို့နဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက ဒီနေ့မှာ ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မကွေးဖက်ဒရယ်ယူနစ်၊ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်တစ်ဦး ကျဆုံး

" လူကြီးရောဂါနဲ့ ကွယ်လွန်တာပါ ။ တော်လှန်ရေးနယ်မြေတစ်နေရာမှာ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ တွန်းလှန်နေတုန်း ကွယ်လွန်သွားတာဖြစ်လို့ ဂုဏ်ပြုတဲ့အနေနဲ့ မြင့်မြတ်စွာ ကျဆုံးသည်လို့ ခေါ်ဝေါ်သုံးစွဲတာ ဖြစ်ပါတယ်" လို့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ရဲ ကမောင်း ကိုပြောပါတယ် ။
Read More

မံစီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့မှု ABSDF တရားဝင်ထုတ်ပြန်

ကချင်ပြည်နယ်၊ မံစီမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းစခန်း အားလုံးကို သိမ်းပိုက်ပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) က ဒီနေ့ ညပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် လင်းယောခင်ကျေးရွာအနီး စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်ရှင်းလင်းခဲ့

ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ လင်းယောခင်ကျေးရွာအနီးက စစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တဲ့ မှတ်တမ်းဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​ ရဲ့ ပြန်ကြားရေးဌာန PVTV က ဖော်ပြလာပါတယ်။
Read More

ဝက်လက်မှာ တပ်မ ၃၃ စစ်ကြောင်းကို တိုက်ခိုက်ရာ အယောက် ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ စစ်ကြောင်းကို ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော်သေဆုံးတယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း ကထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းနိုင်ငံမှ ဖမ်းဆီးပြန်ပို့ခံရပြီး စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရသည့် လူငယ် ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ ပလောက်မြို့မှာ အပတ်စဥ် ၁၁ စစ်မှုထမ်းသင်တန်းအတွက် အဓမ္မစစ်သားစုဆောင်းခံရသူ လူငယ် ၄ ယောက်ဟာ ဘက်ပြောင်းခိုလှုံအလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။