အာဏာသိမ်း စစ်ဗိုလ်ချုပ်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက သူတို့ပါတီဟာ အတိတ်သမိုင်းကောင်းတွေ ရှိခဲ့ပြီး ပါတီနောက်မှာ ခိုင်မာတဲ့အဖွဲ့အစည်းရှိတယ်လို့ ပြောဆို မဲဆွယ်ခဲ့ပါတယ်။

နိုင်ငံအနှံ့ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲမတိုင်ခင် သူယုံကြည်တဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်ဝတ်စုံချွတ် လူဝတ်လဲကာ ကြံ့ခိုင်ရေးပါတီထဲမှာ ထည့်ထားတာပါ။

ဒီလိုပြည်သူအပေါ် အကြမ်းဖက်နေတဲ့ စစ်ခေါင်းဆောင်တွေ ပါဝင်တဲ့ ကြံ့ခိုင်ရေးပါတီက ပြည်သူတွေရဲ့ အနာဂတ်ကို အပွန်းပဲ့မခံဘူးလို့ ပြောလာပြန်ပါတယ်။

ကြံ့ခိုင်ရေးဥက္ကဌ ဦးခင်ရီက “ကျနော်တို့ပါတီအနေနဲ့ အတိတ်ကာလမှာ အစိုးရယန္တရားတစ်ရပ်ကို အောင်အောင်မြင်မြင် စီမံခန့်ခွဲဖူးတဲ့ အတွေ့အကြုံ ရှိပါတယ်။ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ခဲ့ဖူးတယ်။ နိုင်ငံတကာဆက်ဆံရေးတွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့တဲ့ သာဓကတွေ များစွာရှိတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေရဲ့အနာဂတ်ကိုတော့ အတွေ့အကြုံမရှိတဲ့လူတွေရဲ့ လက်ထဲမှာ အစမ်းသပ်ခံလို့မဖြစ်ဘူး။ အပွန်းပဲ့ခံလို့မဖြစ်ဘူး။ အဲ့တော့ ခိုင်မာတဲ့ သက်သေပြပြီးသားဖြစ်တဲ့ ဦးဆောင်မှုနဲ့ ခိုင်မာတဲ့ အဖွဲ့အစည်းမျိုးကိုသာလျှင် အနာဂတ်အတွက် ရွေးချယ်သင့်တယ်လို့ ကျနော်ကတော့ ဒီလိုအလေးအနက်ယုံကြည်ပါတယ်” လို့ ပြောဆိုမဲဆွယ်ပါတယ်။ 

ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မယ့် ဦးခင်ရီက သူတို့ကြံ့ခိုင်ရေးပါတီနောက်မှာ အာဏာသိမ်းစစ်တပ်ရှိကြောင်းကို ရည်ညွှန်းပြောဆိုကာ မဲဆွယ်နေတာလည်း ဖြစ်ပါတယ်။ အတွေ့အကြုံရော နောက်ကနေ ပံ့ပိုးပေးမယ့် ခိုင်မာတဲ့အဖွဲ့အစည်းရော ပြည့်စုံတာ ကြံ့ခိုင်ရေးပဲရှိတယ်လို့ ဆိုပါတယ်။

“အတွေ့အကြုံရှိတဲ့လူတွေ ဖြစ်ဖို့လိုတာပေါ့။ တစ်ဖက်ကလည်း ဒီလိုလူတွေကို နောက်ကပံ့ပိုးမယ့်အဖွဲ့အစည်းက လိုသေးတယ်။ ကဲ.. အဲဒါနဲ့ပြည့်စုံတာ ဘယ်အဖွဲ့အစည်းလဲသိလား” လို့ နိုဝင်ဘာ ၁၂ ရက်က ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက် မဲဆွယ်ပွဲမှာ ပြောခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှာ စတင်မယ့် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၅၀ ကျော်နဲ့ တစ်သီးပုဂ္ဂလ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော် ဝင်ပြိုင်မယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ကမ္ဘာ့နိုင်ငံအများစုနဲ့ ပြည်သူအများစုက ဒီရွေးကောက်ပွဲအပေါ် အယုံအကြည်မရှိကြပေမယ့် ဒါဟာ ပြည်တွင်းရေးသက်သက်ဖြစ်တာကြောင့် နိုင်ငံတကာရဲ့ ထင်မြင်ချက် ဝေဖန်ချက်တွေကို ဂရုမစိုက်ဘဲ ရွေးကောက်ပွဲ မုချအောင်မြင်အောင် လုပ်သွားမယ်လို့ စစ်ကော်မရှင်က ကြွေးကြော်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရှေ့တန်းစစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရလျှင် ရဲဘော်အချင်းချင်း အရေးပေါ်ပြုစု ကုသပေးနိုင်ရန် လက်တွေ့ သင်ကြား ပို့ချ

ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ ရှေ့တန်းစစ်မြေပြင်ရောက် တောကျီးကန်း (၇) ကောင်တပ်ရင်းက ရဲဘော်တွေ စစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရရှိရင် ရဲဘော်အချင်းချင်း အရေးပေါ်ပြုစု ကုသပေးနိုင်အောင် လက်တွေ့ သင်ကြားပို့ချခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒေါနစစ်ကြောင်း (၃) နှင့် မွန်၊ ကရင်၊ ထားဝယ် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်မည်

ဒေါနစစ်ကြောင်း ၃ နဲ့ မွန်၊ ကရင်၊ ထားဝယ်က လက်နက်ကိုင်တပ်ဖွဲ့တွေ မဟာမိတ်အဖြစ်  ပူးပေါင်းကာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်သွားမယ်လို့ Kanbauk Defense Force က သတင်းထုတ်ပြန်ပါတယ်။ 
Read More

၃၁ ဦး သေဆုံးထားသည့် လက်ပံလှကျေးရွာကို စစ်ကောင်စီ ထပ်မံ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ရာ အရပ်သား အမျိုးသမီး ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ပစ်ခတ်ရာ ၁ ယောက် သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ပစ်ခတ်ရာ ၁ ယောက် သေဆုံးသွားတယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
Read More

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဘတ် ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။