မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ နိုဝင်ဘာ ၆ ရက် မနေ့ည ၈ နာရီဝန်းကျင်ခန့်မှာ မြို့ခံ ပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီကို လက်မခံနိုင်ကြောင်း သံပုံးတီးဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလ လေးနှစ်ကျော်အတွင်း လူထုပါဝင်မှုဟာ တပြားသားမှ မလျော့သွားဘဲ ဒီနေ့အထိ တော်လှန်ရေးစိတ်ဓာတ်ရှင်သန်နေဆဲဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY PDF) ခေါင်းဆောင် ကိုစိုးသူရဇော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

”ကြက်သီးမွေးညင်းထပြီး မျက်ရည်ပါလည်ရတဲ့ ပြည်သူ့ဆန္ဒဘဲ ဖြစ်ပါတယ်။ သေချာပါတယ် ရန်သူ စကမဟာ စစ်ရေးအရ နယ်မြေကို ပြန်ရချင်ရမယ်၊ ပြည်သူလူထုရဲ့ နှလုံးသည်းခြေကို ဘယ်သောအခါမှ ရနိုင်မှာ မဟုတ်ပါဘူး။ အရိုင်းကြားက အင်မတန်လှပတဲ့ တော်လှန်ရေးဂီတသံဖြစ်ပါတယ်ခင်ဗျာ”လို့ ဆိုပါတယ်။

မန္တလေးသပိတ်ခေါင်းဆောင် ကိုတေဇာဆန်းကလည်း “ကျနော်တို့အနေနဲ့ ဒီရုပ်သံဖိုင်တွေကို တွေ့မြင်ရတဲ့အခါမှာ ၂၀၂၁ ခု ဖေဖော်ဝါရီလ စစ်အာဏာသိမ်းခါစအချိန်က လူထုလှုပ်ရှားမှုများကိုတောင် ပြန်ပြောင်း အောက်မေ့သတိရမိပါတယ်။ မိုးကုတ်ပြည်သူများဟာ စစ်အာဏာရှင်စနစ်ကို လုံးဝ ဆန့်ကျင်ကြောင်း၊ အာဏာသိမ်း စစ်အုပ်စုက မိုးကုတ်မြို့ထဲကို ပြန်လည်ဝင်ရောက်လာမှာကို လုံးဝ လက်မခံကြောင်း ဒီလူထုလှုပ်ရှားမှုကနေ ဖော်ထုတ်ပြသခဲ့ကြခြင်း ဖြစ်ပါတယ်။ ပြည်သူသာလျှင် အဓိကဖြစ်ပါတယ်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ ရေးသားမျှဝေထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ တအောင်းပြည်သူ့လွတ်မြောက်ရေးတပ် TNLA ဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ မြို့ကနေ ပြန်လည်ဆုတ်ခွာသွားဖို့ ရှိနေပြီး MDY PDF အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ စစ်အုပ်စုကို ဆက်လက်ခုခံကာ မြို့ကိုကာကွယ်သွားမယ်လို့ ကြေညာထားပါတယ်။

Video – ပေးပို့

0 Shares:
You May Also Like
Read More

ဖီဖော်မြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ် အထူးဒေသ ၁ မြန်မာ-တရုတ်နယ်စပ် ဖီမော်မြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၂ ရက် မနေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရွှေကျင်မြို့နယ် ကွင်းဆိပ်နဲ့ ဝင်းကံရွာကြားရှိ ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာ ဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးမှာ စစ်မှုထမ်း မဲနှိုက်ဖို့ အသံချဲ့စက်ဖြင့် ကြေညာနေ (ရုပ်/သံ)

မန္တလေးမြို့မှာ အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်း မဲနှိုက်ရန် အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော်နေတယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့ စံမင်းသီရိကုန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့ စံမင်းသီရိကုန်းမှာ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်ကောင်စီရဲ့ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေကို နိုဝင်ဘာ ၁၁ ရက်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေစဉ် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘုတ်ပြင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွါး၊ စစ်သားအများအပြားသေဆုံးပြီး ဒရုန်း ၂ စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့ (ရုပ်/သံ)

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ် သိန်ခွန်းရွာ တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မတ်လ ၄ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ထုတ်ပြန်လိုက်ပါတယ်။