အာဏာသိမ်းစစ်တပ်က စီစဥ်နေတဲ့ ရွေးကောက်ပွဲအတွက် ဝါဒဖြန့် ကမ်ပိန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာကြောင့် နာမည်ကျော် သရုပ်ဆောင် ဖွေးဖွေးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

သရုပ်ဆောင် ဖွေးဖွေးကို ပြင်ဦးလွင်မှာ ရုပ်ရှင်ဇာတ်ကားရိုက်နေချိန် စစ်တပ်က လာဖမ်းသွားတယ်လို့ အနုပညာအသိုင်းအဝိုင်းက အတည်ပြုပြောဆိုကြပါတယ်။ အလားတူ သရုပ်ဆောင် အလင်းရောင်လည်း ဖမ်းဆီးခံရတယ်လို့ သတင်းထွက်နေပေမယ့် မောင်းအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

နိုဝင်ဘာ ၆ရက် မနေ့က စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန် ချန်နယ်တွေမှာလည်း “ရွေးကောက်ပွဲမြှင့်တင်ရေးအတွက် ခေါ်ယူသော်လည်း မလာရောက်သူ၊ အကယ်ဒမီများရှင် မင်းသမီးလေး ပြင်ဦးလွင်မှာ အရေးယူခံလိုက်ရပြီ” ဆိုတဲ့ စာသားတွေ ပျံ့နှံ့နေပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းကနေ ပြန်လည်လွတ်မြောက်လာပြီးနောက်ပြီး ရုပ်ရှင်ရိုက်ကူးခြင်းမရှိတဲ့ အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ လူမင်း စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေလည်း ရွေးကောက်ပွဲ ကမ်ပိန်းတွေမှာ ပါဝင်ဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရတယ်လို့ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

(ဓာတ်ပုံ Phway Phway’s Facebook)

အနုပညာရှင်အားလုံး ဝါဒဖြန့်ဇာတ်ကား ရိုက်ပေးဖို့ ငြင်းဆန်ရင် အရေးယူမယ်လို့ စစ်ကော်မရှင်က ခြိမ်းခြောက်ထားတာကြောင့် ဒါရိုက်တာ ဝိုင်း၊ မီးပွား၊ ဝင်းလွင်ထက်၊ သြရသစတဲ့ အနုပညာရှင်တွေလည်း စစ်တပ်ဝါဒဖြန့် ကမ်ပိန်းတွေမှာ ပါဝင်နေရတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရွေးကောက်ပွဲအတွက် နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်တဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဝါဒဖြန့်ဇာတ်ကားကို ထုတ်လွှင့်ခဲ့ပေမယ့် မျှော်လင့်သလိုဖြစ်မလာဘဲ ပြည်သူတွေရဲ့ တခဲနက် ဝေဖန်မှုတွေကိုသာ ရင်ဆိုင်ခဲ့ရပြီး အဲဒီဇာတ်လမ်းမှာ ပါဝင်တဲ့ အနုပညာရှင်တွေကိုလည်း သပိတ်မှောက်တာ၊ လူမှုရေးပြစ်ဒဏ်ပေးတာတွေ လုပ်ဆောင်နေကြပါတယ်။

အဆိုပါ ဝါဒဖြန့်ဇာတ်ကားကို ဝေဖန်ခဲ့ကြတဲ့ ဒါရိုက်တာ ၃ ယောက်နဲ့ သရုပ်ဆောင် ၂ ယောက်ကိုလည်း စစ်ကော်မရှင်က ဖမ်းဆီးချုပ်နှောင်ထားပြီး အနုပညာရှင်တွေ နိုင်ငံရပ်ခြား ထွက်ခွာခွင့်တွေကိုပါ ကန့်သတ်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

နောင်ချိုနဲ့ ပြင်ဦးလွင်အစပ်မှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်တပ်မိသားစုအသိုင်းအဝိုင်းတွေ ဒုတိယအကြိမ်ပြောင်းရွှေ့နေကြ

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဂန့်ဂေါရွာအနီးမှာ ထိတွေ့တိုက်ပွဲတွေဖြ​စ်ပွားနေချိန် ဘယ်လောက်မှမဝေးတော့တဲ့ ပြင်ဦးလွင်မြို့နယ်မှာ စစ်တပ်အသိုင်းဝိုင်းမိသားစုဝင်တွေ ပြောင်းရွှေ့နေကြသလို စစ်ကောင်စီကလည်း ခုခံစစ်အတွက် အထူးသတိပြုနေကြတယ်လို့ သိရပါတယ်။
Read More

ပဲခူးနဲ့ ကရင်အစပ်က တောင်ငူ-သံတောင်ကြီးလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက်ထက်မနည်း သေဆုံး

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ - သံတောင်ကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho အဖွဲ့ဆီက သိရပါတယ်။
Read More

ကောလင်းမှာ စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးစဲခါး ရေတံခွန်ကျောင်းတိုက်ဆရာတော်ယာဉ်ကို စစ်တပ်က ပစ်ခတ်လို့ဆရာတော် ပျံလွန်တော်မူ

ပအိုဝ်းဒေသ၊ ထီးစဲခါးရေတံခွန် ကျောင်းတိုက် ဆရာတော်၏ယာဉ်ကို စစ်တပ်ကပစ်ခတ်ရာ ထီးစဲခါး ရေတံခွန် ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူပြီး ကျန်သံဃာ ၂ပါးဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)က သတင်းထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအတွက် အချိန်အသင့်အခါသင့်ဖြစ်လို့ အောင်ပွဲရယူရမယ်လို့ TNLA အသိပေး

လက်ရှိအခြေအနေဟာ တော်လှန်ရေးအတွက် အောင်ပွဲရယူနိုင်ဖို့ အချိန်အခါအသင့်ဖြစ်တယ်လို့ တအာင်းတပ်မတော် - TNLA က အသိပေး ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ အင်အား ၁၀၀ ကျော်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိခဲ့တယ်လို့ 96 Solider PDF (အညာဒေသ) ဆီက သိရပါတယ်။