မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၆ ရက် မနေ့မနက် ၆ နာရီခန့်က သရက်မြို့နယ် စခန်းကြီးကျေးရွာနဲ့ ပိတောက်ပင်ကျေးရွာတို့ရဲ့ တောင်ဘက် ၃ မိုင်ကျော်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၁၂ ကို ရှော့တိုက်ဒုံး ၁၂၂ မမ ၅ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ၄ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရှော့တိုက်ဒုံးတွေဟာ ကပစ ၁၂ ထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ရာ ညောင်ပင်သာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ကပစ ၁၂ စက်ရုံအတွင်း ထိခိုက်ပျက်စီးမှုကိုတော့ အတည်ပြုနိုင်ဖို့ ဆက်လက် စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။

Video – အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်း

0 Shares:
You May Also Like
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ် သံပြားကာယာဉ် ၂ စီးကို ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာယာဉ် ၂ စီးကို ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းမှာ ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KM ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

“စက်လက်စုံညီ ရှေ့သို့ချီ” ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ယင်းမာပင် ပကဖ ဖိတ်ခေါ် (ရုပ်/သံ)

အညာဒေသမှာ စနစ်တကျ စုဖွဲ့ပြင်ဆင်မှုတွေနဲ့ စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် “စက်လက်စုံညီ ရှေ့သို့ချီ" ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ ယင်းမာပင်ခရိုင် ပကဖ က ဖိတ်ခေါ်လိုက်ပါတယ်။
Read More

မနေ့ညက မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ အင်အားအသင့်အတင့်ရှိ ငလျင်ထပ်မံလှုပ်ခတ် (ရုပ်/သံ)

မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့မှာ ဧပြီ ၁၇ ရက် မနေ့ညပိုင်းက အင်အားအသင့်အတင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

ညောင်ဦးမြို့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိဘုန်းကြီးကျောင်း မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့က ငှက်ကြီးခေါင်းကျဘုန်းကြီးကျောင်းမှာ စက်တင်ဘာ ၂၁ ရက် ညပိုင်းက ဖယောင်တိုင်မီးကတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ Mi-17 ရဟတ်ယာဉ်ကို ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို ဒရုန်းနဲ့ ဝင် တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီနေ့မှာ ထွက်ပေါ်လာပါတယ်။
Read More

တောင်သာမြို့နယ် ရုံးစည်ကြီးနယ်မြေ ရဲစခန်းကို ကိုယ်တိုင်ထုတ်ဗုံးသီး ကြဲချတိုက်ခိုက်မှု မှတ်တမ်း (ရုပ်/သံ)

မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးနယ်မြေရဲစခန်းကို ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ဗုံးသီးကို အသုံးပြုပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မြင်းခြံခရိုင်အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။