နယူးဇီလန်ပါလီမန်က မြန်မာစစ်အုပ်စု ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ကြောင်း ကန့်ကွက်သူမရှိဘဲ တညီတညွတ်တည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၅ ရက် နယူးဇီလန်လွှတ်တော်မှာ အဆိုပါ အဆိုတင်သွင်းချက်ကို အလုပ်သမားပါတီမှ Phil Twyford က တင်သွင်းခဲ့ပြီး အစိမ်းရောင်ပါတီမှ Teanau Tuiono က ထောက်ခံခဲ့ကာ ကန့်ကွက်သူမရှိဘဲ အောင်မြင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“အလွန်ရက်စက်တဲ့ စစ်တပ်ကို မြန်မာပြည်သူတွေက ကြံ့ကြံ့ခံ တော်လှန်နေကြပါတယ်။ ကျနော်တို့ အဲဒါကို ကူညီရပါမယ်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲက အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်” လို့ အလုပ်သမားပါတီမှ Phil Twyford က ဆိုပါတယ်။

နယူးဇီလန်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မှာ မြန်မာစစ်တပ် စီစဉ်နေတဲ့‌ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမည်မဟုတ်ကြောင်း၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဦးတည်မှာမဟုတ်ကြောင်း၊ ယုံကြည်ဖွယ်ရာလည်း မရှိကြောင်းနဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေ မပါဝင်တာတွေ၊ ပြည်သူတွေရဲ့ ဝေဖန်မှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေတွေကြောင့် ရွေးကောက်ပွဲဟာ သိသိသာသာကို ချို့ယွင်းချက်တွေ ရှိနေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် နယူးဇီလန်လွှတ်တော်က မြန်မာစစ်အုပ်စုကို နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ စစ်ရေးလုပ်ဆောင်မှုတွေ ရပ်တန့်ဖို့နဲ့ အားလုံးပါဝင်ပြီး စစ်မှန်တဲ့ ဆွေးနွေးမှု ဖွင့်လှစ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ နဲ့ အာဆီယံ သဘောတူညီချက် ၅ ချက်ကို အရေးတကြီး အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပြီး နယူးဇီလန်နိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်အတွက် မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့အတူ စည်းလုံးညီညွတ်စွာ ဆက်လက် ရပ်တည်သွားမယ်လို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာငလျင်ဘေးအတွက် ဝမ်းနည်းကြောင်း အရှေ့တီမောနိုင်ငံသမ္မတက NUG ယာယီသမ္မတ ဒူဝါလရှီးလထံ သဝဏ်လွှာပေးပို့ 

ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် စိတ်ထိခိုက် ဝမ်းနည်းရပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ အရှေ့တီမောနိုင်ငံသမ္မတ José Ramos-Horta က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလဆီ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

ကလေးငယ် ၂ ဦး အပါအဝင် ရွှေ့ပြောင်းမြန်မာ ၁၁၀ ကျော် ကန်ချနဘူရီမှာ ဖမ်းဆီးခံရ 

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ ထောင်ဖာဖုမ်မှာ မြန်မာပြည်ကနေ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၁၀ ကျော်ကို အာဏာပိုင်တွေက စက်တင်ဘာလ ၁၆ ရက်မှာ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

တရုတ်-မြန်မာ သမိုင်းတလျှောက် ဆက်ဆံရေးအကောင်းဆုံး အခြေအနေဖြစ်ဟု မင်းအောင်လှိုင် ပြောဆို၊ တရုတ်နိုင်ငံဟာ ကမ္ဘာကြီးကို ကာကွယ်ပေးနိုင်မည်ဟု ဖားယား ပြော

တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးနဲ့ တော်လှန်ရေးအပေါ် များစွာ ဝင်ရောက်စွက်ဖက်နေတယ်လို့ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေဘက်က ပြောဆိုနေကြချိန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လက်ရှိမှာ တရုတ်-မြန်မာ ဆက်ဆံရေးဟာ အကောင်းဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

ဖူးခက်တွင် မြန်မာအမျိုးသားတဦး ဓားထိုးခံရပြီး သေဆုံး

ထိုင်းနိုင်ငံ၊ ဖူးခက်က ပတောင်မြို့မှာ အောက်တိုဘာလ ၃ ရက်နေ့က ခိုက်ရန်ဖြစ်ပွားမှုတခု ဖြစ်ပွားခဲ့ပြီး မြန်မာအမျိုးသားတယောက် ဓားထိုးခံရလို့ သေဆုံးသွားခဲ့ပါတယ်။
Read More

ပိတ်ဆို့ခံ စစ်ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသည့် စစ်ကော်မရှင် အရေးယူဒဏ်ခတ်မှုမှ ကင်းလွတ်နေသေးကြောင်း JFM သတိပေး

စစ်ကော်မရှင်လို့ အများကြခေါ်ကြတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် (SSPC)” အဖွဲ့အစည်းကို နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ မချမှတ်ရသေးကြောင်း Justice For Myanmar (JFM) က ဒီနေ့မှာ သတိပေး ထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်မြို့လယ်စျေးတွင် ပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ချာထူချက် စျေးမှာ ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကတော့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။