ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တောင်ခြမ်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား စစ်ရေးတင်းမာနေပြီး စစ်အုပ်စုက လေကြောင်းကနေ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေညရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။

အောက်တိုဘာလ ၂၄ ရက် မနေ့က မနက်ပိုင်းကစလို့ ဇရပ်ကြီးအခြေစိုက် ခလရ ၇၃ တပ်ရင်းက ထွက်လာတဲ့ စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးကျေးရွာနား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက တစ်နေ့လုံး လက်နက်ကြီးပစ်ခတ်တာ၊ စက်တပ်လေထီးနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုသာ မဟုတ်ဘဲ အရပ်သားနေထိုင်ရာကျေးရွာတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

ဒီအတွက် အောက်တိုဘာလ ၂၄ ရက် မနေ့က ညပိုင်းမှာလည်း ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားအရပ်သား ၁ ယောက် ထိခိုက်သေဆုံးခဲ့သေးတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ပုံစာ – တောင်ငူခရိုင်တပ်ရင်း အမှတ် ၂ P23502 တပ်ဖွဲ့ဝင်များ(ပုံဟောင်း)

” တိုက်ပွဲက မနေ့က မနက်က စဖြစ်တာဗျ။ တစ်နာရီကျော်လောက် ဖြစ်ကြပြီးတော့ စခတွေ ပြန်ဆုတ်သွားတယ်။ လက်ရှိအချိန်အထိ အခြေအနေတွေက တင်းမာနေတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း စစ်ရေးအရ သတိပေးထားသလို အန္တရာယ်ရှိတဲ့နေရာကိုလည်း ဝင်ထွက်ခွင့် ခဏပိတ်ထားတယ်။ စခတပ်ကတော့ တိုက်ပွဲဖြစ်တဲ့နားက ရွာတွေကို လက်နက်ကြီးတစ်နေကုန်နီးပါး ပစ်သလို ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးချပါတယ်။” လို့ ဒေသခံသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။

အရပ်သားတွေအနေနဲ့ ထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့အချိန်အတွင်း တော်လှန်ရေးတပ်တွေ ကန့်သတ်ထားတဲ့ ခွင့်မပြုတဲ့ နေရာတွေကို ဖြတ်သန်းသွားလာတာမျိုးမလုပ်ကြဖို့နဲ့ လေယာဥ်သံ၊ လက်နက်ကြီးသံတွေ ကြားရင်လည်း လုံခြုံတဲ့အကာအကွယ်နေရာတွေမှာပဲ ပုန်းခိုနေထိုင်သင့်တယ်လို့ တောင်ငူခရိုင် အမှတ်(၂) တပ်ရင်း P23502 က အသိပေးထုတ်ပြန်ထားပါသေးတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် အမှတ်(၂) တပ်ရင်း P23502 ထံ မောင်းသတင်းဌာနအနေနဲ့ ဆက်သွယ်သတင်းမေးမြန်းထားဆဲဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တွင် မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၂ ဦး သေဆုံး၊ ၁၄ နှစ်အရွယ် ၁ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မြေပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၂ယောက် သေဆုံးပြီး ၁ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

သန်လျင်မြို့ အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာကို အကြမ်းဖက်စစ်တပ် ညမထွက်ရ အမိန့်ထုတ်

ရန်ကုန်တိုင်း၊ သန်လျင်မြို့က အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာတစ်ခုလုံးကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂၁ ရက်ကစလို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
Read More

အထွေထွေဖိနှိပ်မှုတွေကို အန်တုပြီး စစ်ကောင်စီကို ထွက်ပေါက်မပေးဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဝက်လက်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၁၀ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းရွာကို စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၁၀ ယောက်နီးပါး သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သား ၁၁ ယောက်ကို လက်နက်တွေနဲ့အတူ CDF-Asho ဖမ်းဆီးရမိ

စစ်ကောင်စီတပ် အကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ ရခိုင်ဒေသ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) ထံက သိရပါတယ်။
Read More

၀က်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့မှုကြောင့် လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။