မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေအတွက် အာဆီယံအဖွဲ့ကြီးက လေ့လာသူတွေ စေလွှတ်ပေးဖို့ သဘောတူလိမ့်မယ်လို့ မထင်ကြောင်း အောက်တိုဘာလ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

မလေးရှားအနေနဲ့ ရွေးကောက်ပွဲမှာ လေ့လာသူတွေ စေလွှတ်ဖို့ သဘောတူခဲ့ကြောင်း စစ်အုပ်စုက ဝါဒဖြန့်ဖော်ပြထားမှုအပေါ် မိုဟာမက်ဟာဆန်က ဒီကိစ္စကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးဆုံးဖြတ်ရမယ်လို့ ပြောပါတယ်။ 

“ဒီကိစ္စကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဆွေးနွေးပြီး ဆုံးဖြတ်မှာပါ။ ဒါပေမယ့် အာဆီယံက သဘောတူလိမ့်မယ်လို့ ကျနော်တော့မထင်ပါဘူး” လို့ လာမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုတွေကို စစ်ဆေးပြီးနောက် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မိုဟာမက်ဟာဆန်ဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီးနောက် “မြန်မာနိုင်ငံကို ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့တွေ စေလွှတ်ပေးဖို့ ကတိပေးခဲ့တယ်” လို့ ပြီးခဲ့တဲ့ သောကြာနေ့က စစ်အုပ်စုရဲ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။ 

ဒီသတင်းကြောင့် မလေးရှားအာဏာရပါတီနဲ့ အတိုက်အခံပါတီတွေက လွှတ်တော်အမတ်တွေအပြင် ဝန်ကြီးချုပ်ဟောင်း ဆိုင်ဖူဒင် အဗ္ဗဒူလာ တို့က မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုရဲ့ တရားမဝင် “ဟန်ပြ ရွေးကောက်ပွဲ” ကို ထောက်ခံတာလားဆိုတာ ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

DAP ပါတီဝင် အမတ်ဟောင်း ချားလ်စ် ဆန်တီယာဂို ကလည်း ရွေးကောက်ပွဲ လေ့လာသူတွေ စေလွှတ်ဖို့ သဘောတူလိုက်တာဟာ ကိုယ့်လူမျိုးအပေါ်မှာ ပြင်းထန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုကို ထောက်ခံအားပေးရာ ရောက်တယ် လို့ ပြောဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက လာမယ့် ထိပ်သီးအစည်းအဝေးမှာ မြန်မာဘက်က တောင်းဆိုထားတဲ့ လေ့လာသူ ကိစ္စကို အာဆီယံအနေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။

မူရင်းသတင်း – Asean not likely to send observers for Myanmar polls, says Mohamad

0 Shares:
You May Also Like
Read More

ဘင်္ဂလားဒေ့ရှ်ဘက်ပြေးလာလို့ ထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်သားနှင့် နယ်ခြားစောင့်ရဲ ၃၄ ဦးကို မြန်မာဘက် ပြန်လွှဲ

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အာရက္ခတပ်နဲ့တိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သားနဲ့ နယ်ခြားစောင့်ရဲ ၃၄ ယောက်ကို မေလ ၆ ရက်နေ့က မြန်မာဘက်ပြန်လွှဲပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြပါတယ်။
Read More

တော်လှန်ရေးအဖွဲ့များက ဆီးရီးယားမြို့တော်ကို သိမ်းပိုက်ပြီး အာဏာရှင် အာဆက်အစိုးရကို ဖြုတ်ချ

ဆီးရီးယားနိုင်ငံမှာ ဟားရက်သူပုန်အဖွဲ့ (HTS) တွေက ဒီဇင်ဘာ ၈ ရက် တနင်္ဂနွေနေ့မှာ မြို့တော် ဒမတ်စ်ကပ်ကို သိမ်းပိုက်ခဲ့ပြီး နှစ်ငါးဆယ်ကြာ အာဏာရှင်အာဆက်အစိုးရပြုတ်ကျကာ သမ္မတ ဘာရှာအလ်အာဆက်လည်း နိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။
Read More

ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က ငလျင်ဘေးသင့် ပြည်သူများနေထိုင်ဖို့ ယာယီတဲ ၉၀ ကျော် တည်ဆောက်ပေး

ငလျင်ဘေးအတွက် ကူညီကယ်ဆယ်ရေးရောက်ရှိနေတဲ့ ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ပြည်သူတွေနေထိုင်နိုင်ဖို့ ယာယီတဲ ၉၁ လုံး တည်ဆောက်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဧပြီလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်မှာ စျေးရောင်းနေသည့် မြန်မာအလုပ်သမား ၇ ဦး တိုင်ကြားချက်အရ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်မှာ စျေးရောင်းနေတဲ့ မြန်မာအလုပ်သမား ၇ ယောက်ကို ထိုင်းအာဏာပိုင်တွေက တိုင်ကြားမှုတွေအရ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြထားပါတယ်။ 
Read More

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်က မြို့နယ်၂ခုမှာ ၂ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာ ၂၆ ယောက် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲက မဲဆောက်နဲ့ ဖုတ်ဖရမြို့နယ်တို့မှာ ၂ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
Read More

မြန်မာနှင့် ကြားခံစစ်ပွဲမှာ ဝင်မပါဘူးဟု ဘင်္ဂလားဒေ့ရှ်ပြော၊ဘင်္ဂလားဒေ့ရှ်မှတဆင့် ရခိုင်ဒေသကို လူသားချင်းစာနာမှု အကူအညီပေးမယ့်ကိစ္စအပေါ် သဘောထားကွဲလွဲမှုများ ရှိနေ

ရခိုင်ပြည်နယ်ကို အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေပေးပို့မယ့် လူသားချင်းစာနာမှုစင်္ကြံနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေနဲ့ ကန့်ကွက်မှုတွေရှိနေတဲ့အကြား ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က မြန်မာနဲ့ ဘယ်ကြားခံစစ်ပွဲမှာမှ ဝင်မပါဘူးလို့ ပြောကြားခဲ့ပါတယ်။