စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် သေဆုံးမှုရှိခဲ့တယ်လို့ Thunderbird People’s Defense Force – မိုးကြိုးငှက်အဖွဲ့ – စစ်ကိုင်းက အောက်တိုဘာ ၁၃ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၆ရက် ညနေ ၆ နာရီလောက်က ရွာသာယာကနေ အင်အား ၂၀၀ ကျော်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ဆည်လေးတောလမ်းဆုံအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် ည ၇နာရီလောက်မှာ ဒုတိယအကြိမ် ထိတွေ့ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်သား ၃ယောက် သေဆုံးကာ MA-4 သေနတ် ၁လက် သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၇ရက် မနက်ပိုင်းမှာလည်း ကျောက်ပနံရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တော်လှန်ရေးရဲဘော် ၁ယောက် ထိမှန်ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“တပ်ရင်း ၄ ရင်းပေါင်းပြီးလာတာ အင်အားက ၂၇၀ လောက်ရှိတယ်၊ ၆ ရက်နေ့ကနေ ထိတွေ့မှုဖြစ်တာ ထိတွေ့မှု ၄ ကြိမ်လောက်ဖြစ်ခဲ့တယ်၊ ထိတွေ့မှုမှာ ကျနော်တို့ဘက်က ရဲဘော်တစ်ယောက်ကျတယ်။ နောက်ရက်မှာ သင်္ဂြိုဟ်လိုက်တယ်၊ အခုမှ ထုတ်ပြန်ရတာက ဆည်းလေးတောကနေ ဆားတောင်ထိ နယ်မြေအခြေအနေကြောင့်ပါ” လို့ Thunderbird People’s Defense Force – မိုးကြိုးငှက်အဖွဲ့ − စစ်ကိုင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက် နေ့လယ် ၂နာရီလောက်မှာလည်း အဆိုပါ စစ်ကော်မရှင်တပ်သားတွေနဲ့ လင်းယဥ်ရွာသစ်မှာ ထိတွေ့ပစ်ခတ်မှု ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပါသေးတယ်။ ပစ်ခတ်တိုက်ပွဲ ပြီးတဲ့နောက် စစ်ကော်မရှင်တပ်သားတွေဆီက MA-2 သေနတ်၁လက် သိမ်းဆည်းရရှိခဲ့ပြီး ဗိုလ်တစ်ယောက် လက်မောင်း ကျည်ထိမှန်သွားသလို တပ်သားတစ်ယောက်လည်း ပေါင်ကို ကျည်ထိမှန်သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံတစ်ယောက်ကိုလည်း ညောင်ငုတ်တိုရွာအနီးမှာ သတ်ဖြတ်သွားတယ်လို့သိရပါတယ်၊ တိုက်ခိုက်မှုကို  Thunderbird People’s Defense Force – မိုးကြိုးဌက်အဖွဲ့ − စစ်ကိုင်းတပ်ဖွဲ့ ၊ ပဒူတိုက်နယ် ပကဖ နဲ့ နယ်မြေခံတော်လှန်ရေးအင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်တွင် တန်ဆောင်တိုင် မီးထွန်းပွဲနှင့် နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲ စစ်ကော်မရှင် ကျင်းပမည်၊ ပွဲတော်နှင့်ယှဥ်တွဲလျက် အကြမ်းဖက်တတ်သည့်အတွက် သတိထားရန် လိုအပ်

အကြမ်းဖက်စစ်ကော်မရှင်ဟာ ပြည်သူတွေကို အကြောင်းပြပြီး လာမယ့် နိုဝင်ဘာ ၃ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) မှာ တန်ဆောင်တိုင်မီးထွန်းပွဲနဲ့ နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲကို ထားဝယ်မြို့မှာ ကျင်းပပြုလုပ်ဖို့ရှိနေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ဖယ်ခုံမြို့ကို အရပ်သားတွေ ပြန်ဝင်လာဖို့ အကြမ်းဖက်စစ်တပ်က ခြိမ်းခြောက်ခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်ဆောင်နေ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းနဲ့ ကရင်နီအစပ်က ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင် အရပ်သားတွေ မြို့ထဲ ပြန်ဝင်လာဖို့ စစ်ကောင်စီက ခြိမ်းခြောက်ခေါ်ဆိုနေတယ်လို့ သိရပါတယ်။
Read More

မြဝတီမြို့ပေါ်ကို စစ်ကောင်စီတပ်သားတွေ လေထီးနဲ့ဆင်းပြီး အင်အားဖြည့်တင်းရာမှာ လေထီးမပွင့်ဘဲ သေဆုံးမှုတွေရှိ

မြဝတီမြို့အနီးကို ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာ လေထီးနဲ့ ဆင်းသက်ခဲ့ပြီး လေထီးမပွင့်လို့ သေဆုံးသူနွေလည်းရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တရားမဝင်ကုန်ပစ္စည်းတွေ စစ်ဆေးမည်ဟုဆိုပြီးစစ်ကောင်စီက ကုန်တင်ယာဉ်တွေကို အကြောင်းမဲ့ဖမ်းဆီးနေ

တိုင်းဒေသကြီးနဲ့ပြည်နယ် စုစုပေါင်း ၄ခုကနေ ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင်ရှိတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ဖမ်းဆီးရမိကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြလာပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပေါ် က ၃ မိုင်ဂိတ်အနီးမှာ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးဟုဆို…

မကွေးတိုင်း ၊ မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပေါ်က ၃မိုင်ဂိတ်အနီးမှာ စစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် - ၆ တပ်ရင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

NUG အစိုးရအနေနှင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ကာ ၂၀၂၅ မှာ သာလွန်စွမ်းဆောင်ရည်များဖြင့် ကြိုးစားကြဖို့ အစိုးရအဖွဲ့ကို ယာယီသမ္မတ တိုက်တွန်း

တော်လှန်ရေးအလုပ်တွေကို မြန်ဆန်၊ လွယ်ကူ၊ ထိရောက်အောင် ၂၀၂၅ မှာ ပြုပြင်ပြောင်းလဲရေးတွေကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။