စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ပြည်သူတွေ သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲ ပြုလုပ်နေချိန် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို လုံးဝလက်မခံ ရှုတ်ချကြောင်း ဗြိတိသျှ၊  ဩစတြေးလျနဲ့ ဆွစ်ဇာလန်သံရုံးတို့က အသီးသီး ထုတ်ပြန်လိုက်ပါတယ်။

ဗြိတိသျှသံရုံး (ရန်ကုန်) ရဲ့ အကြီးအကဲဖြစ်သူ Andrew Jackson က “စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့မှာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ပွဲတော်ရက်အတွင်း ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုသတင်းတွေ ကြားသိရတာ အင်မတန်မှ တုန်လှုပ်ဖွယ်ကောင်းပါတယ်။ အခုလို တိုက်ခိုက်မှုမျိုးအတွက် လက်ခံနိုင်ဖွယ်အကြောင်းပြချက် လုံးဝ မရှိပါဘူး” လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ယူကေအစိုးရအနေနဲ့ ရှုတ်ချကြောင်း၊ မြန်မာစစ်တပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးကိုလည်း အရပ်သားပြည်သူတွေ အထူးသဖြင့် ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ သူက တိုက်တွန်းထားပါတယ်။

သြစတြေးလျသံရုံးကလည်း “သြစတြေးလျသည် ဗုဒ္ဓဘာသာဝင်တို့၏ မီးထွန်းပွဲတော် ကျင်းပနေစဉ်ကာလအတွင်း တိုက်ခိုက်ခံရမှုများ အပါအဝင် ပြည်သူလူထုအ‌‌ပေါ်  မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ ဆက်လက်တိုက်ခိုက်နေမှုများကို ရှုတ်ချပါသည်” လို့ လူမှုကွန်ရက်က တဆင့် အသိပေးလာပါတယ်။

အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ဘေးကင်းလုံခြုံစွာ ပေးအပ်နိုင်ဖို့ ၊ မတရားထိန်းသိမ်းခံထားရတဲ့ အကျဥ်းသားတွေကို လွှတ်ပေးဖို့နဲ့  အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပြီး  သြစတြေးလျသံရုံးအနေနဲ့  မြန်မာပြည်သူတွေနဲ့ အတူတကွ ဆက်လက်ရပ်တည်လျက်ရှိကြောင်း အသိပေးထားပါတယ်။

ဆွစ်ဇာလန်သံရုံးကလည်း ဘာသာရေးပွဲတော်အတွင်း ကလေးငယ်တွေအပါအဝင် ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေကို သေဆုံးစေခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ဖော်ပြခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆီမီးသပိတ်ပြုလုပ်နေချိန် မုံရွာ နမခ က တက်လာတဲ့ ပါရာမော်တာ (စက်တပ်လေထီး) နဲ့ ၁၂၀မမ ဗုံးသီး ၂လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါဝင် အယောက် ၃၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း အယောက် ၅၀ ခန့် ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ ရုရှားထုတ် Shahed drone ပုံစံကွဲ အသေခံဒရုန်း ၁ စင်း ထိုင်းနိုင်ငံအတွင်း ပျက်ကျ

ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ စစ်ကောင်စီ အသုံးပြုတဲ့ ရုရှားထုတ် Shahed Drone နဲ့ ပုံစံတူ အသေခံဒရုန်းတစ်စင်း ပျက်ကျနေတာကို ထိုင်းစစ်တပ်က သိမ်းဆည်းရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဇူလိုင်လ ၂၂ ရက် ဒီနေ့မှာ သတင်းဖော်ပြပါတယ်။
Read More

စစ်ကောင်စီထံ စစ်လက်နက်နဲ့ လေယာဉ်ဆီတွေမရောင်းဖို့ Quad ထိပ်သီးနိုင်ငံတွေ တောင်းဆို

စစ်ကောင်စီထံ လေယာဥ်ဆီ နဲ့ စစ်လက်နက်ပစ္စည်းတွေ မရောက်ဖို့ အင်အားကြီးနိုင်ငံတွေ ဖွဲ့စည်းထားတဲ့ Quad အဖွဲ့၀င်တွေက ပြောကြားလိုက်ပါတယ်။ အထူးသဖြင့် စစ်ကောင်စီထံ လေယာဥ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းတွေ စီးဆင်းမှုကို တားမြစ်ဖို့ ကမ္ဘာ့နိုင်ငံအားလုံးကို Quad  ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ဦး အတွက် NUG အလုပ်သမားဝန်ကြီးဌာန လိုက်ပါကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ ပါကျင်ပူရီခရိုင်ရှိ ကော်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ယောက် အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး တိုင်ကြားလာတဲ့အပေါ် လိုက်ပါကူညီဖြေရှင်းဆောင်ရွက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကော့မြစ်ရေညစ်ညမ်းမှုကိစ္စ မြန်မာနှင့် ဆွေးနွေးရန် ထိုင်းဘက်မှ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်

ကော့မြစ်အတွင်း အာဆင်းနစ်ညစ်ညမ်းမှုနဲ့ပတ်သက်လို့ စစ်ကောင်စီအရာရှိတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို လာမယ့်သတင်းပတ်ထဲ စေလွှတ်မယ်လို့ ဒီနေ့ ဇွန်လ ၃၀ ရက်မှာ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ 
Read More

သန္တာကျောက်တန်းများ ဝင်တိုက်ခဲ့သည့် မြန်မာစက်လှေကို ထိုင်းဘက်မှ ဘတ် ၁၂ သန်း လျော်ကြေးတောင်း

ထိုင်းနိုင်ငံ၊ ဆူရင်ကျွန်း အမျိုးသားဥယျာဉ်က သန္တာကျောက်တန်းတွေကို ဝင်တိုက်ခဲ့တဲ့ မြန်မာကုန်တင်စက်လှေ ပိုင်ရှင်ကို ထိုင်းဘက်က နစ်နာကြေးအဖြစ် ဘတ်ငွေ ၁၂ သန်း တောင်းခံထားကြောင်း Khaosod သတင်းမှာ ဖော်ပြထားပါတယ်။
Read More

အမျိုးသမီး ၁၀.၄ သန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

မြန်မာနိုင်ငံမှာ  လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ် လိုအပ်နေသူ သန်း (၂၀) ခန့်ရှိပြီး အဆိုပါ လူဦးရေထဲက  ၁၀.၄ သန်းဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဖြစ်ကာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို ခံစားနေရတယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။