အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတွေနဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

အဆိုပါအခမ်းအနားကို NUG မှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးဇော်မိုးဦး၊ လူ့အခွင့်အရေးဆိုင်ရာ ဒု၀န်ကြီး ဦးအောင်ကျော်မိုး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့အပါအ၀င် နိုင်ငံတကာနဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ နယူးယောက်မြို့ရှိ မြန်မာနွယ်ဖွား တိုင်းရင်းသားတွေ စုစုပေါင်း ၁၃၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် တွန်အန်ဒရူး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေအထူးကိုယ်စားလှယ် Ms. Giske Lillehammer၊ International Civil Society Action Network(ICAN) မှ ပရိုဂရမ်ဒါရိုက်တာ Ms. Helena Gronberg တို့က အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားမှာ ၂၀၂၁ အာဏာသိမ်းမှုအပြီး ပြည်သူအချို့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို မျှဝေခဲ့ပြီး တော်လှန်ရေးသီချင်းတွေ၊ မှတ်တမ်းရုပ်ရှင်ပြသခြင်းနဲ့ ကဗျာရွတ်ဆိုခြင်း အစီအစဉ်တွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် CDM အမျိုးသမီးတွေ ပြုလုပ်တဲ့ လက်မှုပစ္စည်းတွေ၊ ပဋိပက္ခ အခြေအနေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီး ရှင်သန်ကျန်ရစ်သူ အမျိုးသမီးတွေရဲ့ ရုပ်ပုံနဲ့ စကားသံတွေ၊ မြန်မာ့ပဋိပက္ခနဲ့ သဘာဝသယံဇာတအရင်းအမြစ်တွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွါးဆိုင်ရာ ဆက်စပ်ပတ်သက်မှုတွေကို ထင်ဟပ်ပြသတဲ့မြေပုံ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပုံရိပ်တွေကို ခင်းကျင်းပြသခြင်း စတဲ့အစီအစဥ်တွေနဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားကို Women Peace and Humanitarian Fund (WPHF), နဲ့ International Civil Society Action Network (ICAN) တို့ရဲ့ ပံ့ပိုးမှုနဲ့ Burma Advocacy Group (BAG), Gender Equality Network (GEN), Global Justice Center (GJC), Myanmar-WPS, New York City Burmese Community (NYCBC), Women Advocacy Coalition- Myanmar (WAC-M), Women Peace Network (WPN), Women’s League of Burma (WLB) တို့က ပူးပေါင်းစီစဉ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာကလေး ၂၀၀ နီးပါး ပညာသင်ကြားနေတဲ့ ကျောင်းကို ထိုင်းအစိုးရ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

AA ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ပေးရန် အာဂျင်တီးနားတရားရုံးထံ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း တောင်းဆို

အာရက္ခတပ်တော် (AA) ရဲ့ ခေါင်း‌ဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နဲ့ အမိန့်ပေးကွပ်ကဲမှုတွေမှာ ပါဝင်သူတွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က အာဂျင်တီးနား ဖက်ဒရယ်တရားရုံးကို တောင်းဆိုလိုက်တယ်လို့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်၀န်း ရေဘေးသင့် ပြည်သူတွေအတွက် WFP နဲ့ EU က အရေးပေါ်အကူအညီထောက်ပံ့မှုတွေ ပေးအပ်မယ်

နိုင်ငံတစ်ဝန်းက ရေးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP နဲ့ အီးယူက မြန်မာနိုင်ငံထံ အရေးပေါ်ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ကန်ချနဘူရီမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ ဦး ထပ်မံ ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ၊ စံခလဘူရီမှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား အယောက် ၇၀ ကို အာဏာပိုင်တွေက ထပ်မံဖမ်းဆီးလိုက်ပါတယ်။ 
Read More

မြန်မာ့အရေးအတွက် အင်ဒိုနီးရှားမှာ ဆွေးနွေးမယ်

အဖြေပေါ်ဖို့ခက်နေတဲ့ မြန်မာ့အရေးအတွက် မြန်မာအတိုက်အခံ အင်အားစုတွေ၊ နိုင်ငံတကာသံတမန်တွေ အင်ဒိုနီးရှားမှာဆွေးနွေးမှုတွေလုပ်ဆောင်သွားမယ်လို့ နိုင်ငံတကာ သတင်းတချို့မှာ ဖော်ပြရေးသားလာပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲများ ပြင်းထန်နေချိန် တရုတ်ခေါ်တွေ့ပြီး အပစ်ရပ်ရန် ပြော… နောင်ချိုကို လက်လွှတ်မှာမဟုတ်ဘဲ ကဏ္ဍပေါင်းစုံမှ ခုခံကာကွယ်ဖို့ ပြင်ဆင်နေဟု TNLA ပြော

"သြဂုတ်လမှာ ဆွေးနွေးဖို့ကတော့ ယတိပြတ်ပြောဖို့ စောပါသေးတယ်။ ဘာလို့ဆို အချိန်က ၂ လလော​က် ကျန်ပါသေးတယ်။ ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ တဖက်နဲ့ တဖက် ထိုးစစ်ဆင်မှုတွေ မပြုလုပ်ဖို့၊ အရပ်သားတွေရဲ့ စားဝတ်နေရေးတွေ ပြေလည်အောင်ဆောင်ရွက်ဖို့ ဒါကတော့ ကျမတို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လမှာ တွေ့ဆုံမှုကတော့ သက်ရောက်မှုက ဘယ်လိုရှိနိုင်မလဲ မပြောတတ်သေးဘူးပေါ့နော်" လို့ လွေးယေဦးက ပြောပါတယ်။