မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းဝန်းကျင် တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သား ၂၇ ယောက်ကို အရှင်ဖမ်းဆီးရမိထားကြောင်းနဲ့ ဖမ်းမိထားသူအများစုဟာ စစ်မှုထမ်းဆင်း တပ်သားတွေဖြစ်ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ (၉၉) နဲ့ စကခ (၁၇) လက်အောက်ခံ စစ်ကော်မရှင်တပ်သားတွေဟာ အာရက္ခတပ်တော် AA မဟာမိတ်တွေနဲ့ ဖြစ်ပွားတဲ့ ထိတွေ့တိုက်ပွဲတွေကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာကြရာမှာ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က အရှင်ဖမ်းဆီးရမိထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ ၂၇ ယောက်ထဲ သန္ဓေစစ်သား အနည်းငယ်သာပါဝင်ပြီး အများစုဟာ နိုင်ငံတဝှမ်းက ပေါ်တာဆွဲ ဖမ်းဆီးခံထားရသူတွေဖြစ်ကာ စစ်မှုထမ်း အပတ်စဥ် (၇) ကနေ (၁၃) အထိ သင်တန်းဆင်းထားသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားတာ စစ်မှုထမ်းတွေများတယ်။ စကခ ၁၇ ကနေ တပ်ရင်း ၉ ရင်း လာတာမှာ သန္ဓေတပ်သားက ၄ ပုံပုံရင် ၁ ပုံပဲ ပါတယ်။ စစ်မှုထမ်းအပတ်စဥ် ၄၊ ၅၊ ၆ ကနေ စတွေရတာ။ သန္ဓေတပ်သားက ၁ ယောက်၊ ၂ ယောက် ထိန်းဖို့လောက်ပဲ ပါတယ်လို့ ပြောကြတယ်။ သူတို့တွေ ပြေးလာကြတာက တိုက်ပွဲကြားကနေ ကိုယ်လွတ်ရုန်းပြေးလာကြတာ၊ လက်နက်တွေပါဖို့မပြောနဲ့ ယူနီဖောင်းတွေပါ ချွတ်ပစ်ခဲ့တဲ့သူတွေရှိတယ်။ မိသားစုဆွေမျိုးတွေ မပါကြဘူး။ သူ့အစုနဲ့သူ ပြေးကြရင်းနဲ့ လူစုကွဲပြီး ကျနော်တို့ဖမ်းမိတာမျိုးပေါ့”လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကို ပြောပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေနဲ့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေ၊ စည်းမျဥ်းတွေနဲ့အညီ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့အနေနဲ့ အခုလို ဖမ်းဆီးထိန်းသိမ်းထားရတာ တာဝန်ကြီးတယ်။သူတို့အတွက် စားဝတ်နေရေးနဲ့ ထိန်းသိမ်းရေးတွေမှာတော့ တာဝန်ကြီးပါတယ်” လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကိုပြောပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေနဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ကြားဒေသတွေအပါအဝင် ပုသိမ်-မုံရွာလမ်းပိုင်းတွေမှာ အခြားသော တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။

PRA-Magway ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများ (ဓာတ်ပုံ PRA-Magway)

0 Shares:
You May Also Like
Read More

ရိက္ခာထုပ် ထွက်ကောက်တဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၄ ယောက် ဒဏ်ရာရ

ကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီ လေယာဥ်က ချပေးတဲ့ ရိက္ခာထုပ်ထွက်ယူတဲ့ ကန်နီရွာ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက် သေဆုံးကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 
Read More

စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း

စစ်ကောင်စီကို လောင်စာဆီတွေ ထုတ်လုပ်ထောက်ပံ့ပေးခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီ Interra Resources ကို စင်ကာပူစတော့အိတ်ချိန်း (SGX) က ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ 
Read More

ပခုက္ကူ ခရိုင် အမှတ် ၁၄ တပ်ရင်းရဲ့ တပ်ရင်း၂ နှစ်ပြည့်အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်းက တပ်ရင်း ၂ နှစ်ပြည့်အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စလင်း ပကဖ နှင့် ပြည်သူများ ပူးပေါင်း လမ်းပြုပြင် (ဓာတ်ပုံသတင်း)

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေနဲ့ ဆေးတပ်သား ရဲမေတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ကျေးရွာအတွင်း အများပြည်သူ သွားလာရခက်ခဲနေတဲ့ လမ်းတွေကို ၃ ရက်ဆက်တိုက် ပြုပြင်မွမ်းမံ လမ်းပြင်လုပ်အား ဒါနပြုခဲ့တယ်လို့ စလင်းပကဖက ထုတ်ပြန်ထားပါတယ်။
Read More

Special Operation Group(SOG) စစ်ကြောင်းရဲ့ အထူးစစ်ဆင်ရေးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group - SOG (P-29916) စစ်ကြောင်းက ပြုလုပ်တဲ့ အထူးစစ်ဆင်ရေး မွမ်းမံသင်တန်းနဲ့ မြို့ပြစစ်ဆင်ရေးသင်တန်းရဲ့ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

TRI ဗျူဟာမှူးက ဗျူဟာရှိရဲဘော်များ ရဲစွမ်းသတ္တိနှင့် စိတ်ဓာတ်တက်ကြွစေရန် စိတ်ဓာတ်မြှင့်တင်ရေး အားပေးစကားများပြောကြားခြင်းနှင့် International Humanitarian Law အကြောင်း သင်တန်းပို့ချခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၂၂၂ တပ်ရင်း(TRI) ဗျူဟာရဲ့ ဗျူဟာမှူးက (TRI)ဗျူဟာရှိ ရဲဘော်ရဲဘက်တွေကို ရဲစွမ်းသတ္တိနဲ့ စိတ်ဓာတ်တက်ကြွမှုတွေ မြင့်တက်စေဖို့ ရည်ရွယ်ပြီး စိတ်ဓာတ်မြှင့်တင်ရေး နဲ့ အားပေးစကားတွေ ပြောကြားခဲ့ကာ ( TRI )ဗျူဟာရဲ့ တပ်တွင်းစစ်စည်းကမ်းတွေ၊ ဥပဒေများတွေအကြောင်း သင်တန်းပို့ချမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။