ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာကြတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ ယောက် သေဆုံးခဲ့ပြီး လက်နက်နဲ့ ငွေကြေးတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂⁩) က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁ ရက် မနက် ၉ နာရီခွဲအချိန်မှာ ကမ်းပြိုကြီးကျေးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာတဲ့ စစ်သားနဲ့ ရဲတွေ အင်အား ၂၀ ကျော်ပါတဲ့အဖွဲ့ကို သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ၂ ရဲဘော်တွေကနေ သဲကောဆည်လမ်းဆုံမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“အပြန်အလှန် ပစ်ခတ်ကြပြီး ကျနော်တို့ဘက်က (ပစ်တဲ့) ၄၀ မမ ထိတော့ သူတို့က သေသူသေ ဒဏ်ရာရသူရနဲ့ ဖရိုဖရဲဖြစ်ကုန်တာ… တိုက်ပွဲက မိနစ် ၄၀လောက် အပြန်အလှန် ပစ်ကြတာပါ” လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၂) ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

အဲဒီနောက် သေဆုံးနေတဲ့ စစ်ကောင်စီဘက်တော်သား အလောင်း ၂ လောင်း၊ G3 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁လက်၊ ကျည်ဘောက် ၄ ခု၊ ကာဘိုင်ကျည် ၄၂ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဓား ၁ ချောင်း၊ ဘတ်တံဆိပ် ၂ ခု၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၅၂၈၀၀၀ကျပ်နဲ့ မှတ်ပုံတင်ကတ် ၁ ခု တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“သူတို့သေတာ ၂ ယောက် မကလောက်ဘူး။ သယ်သွားတာတွေလည်းရှိတော့ သေတဲ့ အရေအတွက် များလောက်တယ်။ သေတဲ့ ၂ ယောက်ကတော့ Video သက်သေရထားပါတယ်။ ဖရိုဖရဲနဲ့ပြေးကြတာမို့ လယ်ထဲမှာ သေတာရှိလောက်ပါတယ်” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

လက်ရှိမှာ အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေပြီး တိုက်ပွဲတွေလည်း ထပ်မံဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူတွေအနေနဲ့ စစ်အုပ််စုအနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြဖို့၊ သတိထားနေနိုင်ကြဖို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၂) က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

“ခက်ခဲရှုပ်ထွေးသော အရေးပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ” ဆောင်ပုဒ်ဖြင့် Research Conference 2025 ကို NUG ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သုတေသနနဲ့ ဖွံ့ဖြိုးမှုဌာနက ဦးစီးပြီး Research Conference 2025 ကို "ခက်ခဲရှုပ်ထွေးသော အရေးပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ - မြန်မာ့အကျပ်အတည်း စိန်ခေါ်မှုများထဲမှ သုတေသနနှင့် တုံ့ပြန်မှု" ဆောင်ပုဒ်နဲ့ စက်တင်ဘာလ (၂၇) ရက်ကနေ (၂၉) ရက်အထိ အွန်လိုင်းကတစ်ဆင့် ပြုလုပ်ခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရဲဘော်ကိုစိုင်း(ခ) ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုအပေါ် သတ်ဖြတ်သူတွေနှင့် စေခိုင်းသူများကို တာဝန်ယူပေးဖို့ KNDF-B29 ကရင်ဖြူရဲဘော်များ တောင်းဆို

ပျဉ်းမနားစစ်ကြောင်းမှူးတစ်ဖြစ်လဲ ကရင်ဖြူမျိုးနွယ်စု ဥက္ကဌ ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို ညှင်းပန်းသတ်ဖြတ်ခံရမှုအပေါ် ကယန်းပြည်သစ်တပ်မတော်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ထိထိရောက်ရောက် အရေးယူပေးဖို့လိုတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၂၉)၊ တပ်ခွဲ (၁) ကရင်ဖြူ ရဲဘော်တွေက တောင်းဆိုလိုက်ပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီ စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ မိသားစုဝင် ၃ ဦး ထိမှန်ကာ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ကျေးရွာမှာ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ယောက် သေဆုံးကာ ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ရက်စက်စွာ နှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ လင်းထက်အောင် (ခေါ်) Error ကို စစ်ကြောမှုမှာ ဘယ်သူတွေပါခဲ့လဲ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်သူတွေဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူတွေထဲက လင်းထက်အောင် (ခေါ်) Error ဆိုသူကို စစ်ဖက်ဆိုင်ရာလုံခြုံးရေးအဖွဲ့ (စရဖ) ဗိုလ်ကြီးအဆင့်ရှိသူ ကောင်းမြတ်နဲ့ သူရဝင်းတို့က ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။…
Read More

“Happy Birthday Suu” ဟူသည့် ဆုတောင်းဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည့် MDY-PDF ရဲဘော်ရဲမေများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ စစ်ရေးဌာနကြီးလက်အောက်ရှိ တပ်ရင်း/ဌာနတွေက ရဲဘော်ရဲမေတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရအဖြစ် ရိုက်ကူးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပြည်မြို့ပေါ် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးသေဆုံးဟု ဆို

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့ပေါ်မှာ  အပြန်အလှန် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူငယ် ၁၅ ယောက်ထက်မနည်း ဖမ်းဆီးခံရကြောင်း Pyay UnderGround News -PUGN က ဖော်ပြပါတယ်။